ပြည်ပဈေးကွက်သတင်းများ

ထိုင်းအစိုးရသည် နိုင်ငံ၏ စပါးကျီများ၊ ရောင်းဝယ်မှုတို့အတွက် ဖြည့်တင်းနိုင်သည့် နည်းလမ်းရှာရန် ဆန်စိုက်ပျိုး ထုတ်လုပ်သော ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ အနည်းဆုံး ဆန်တန်ချိန် ၂.၅ သန်း ကို ဈေးကွက်ေ ပါက်ဈေးထက် ဈေးကောင်းပေး၍ ဝယ်ယူမည်မှန်းကြောင်းဆန်လုပ်ငန်းမှ တရားဝင်ပြောကြားခဲ့ပါ သည်။

တရုတ်ဈေးကွက်မှ ရော်ဘာဝယ်လိုအားနည်းပြီး တိုကျိုကြိုရောင်းဈေးကွက်တွင် ဈေးကျဆင်းမှု များဖြစ်ခဲ့၍ အင်ဒိုနီးရှားနိုင်ငံတွင် ရော်ဘာရောင်းလိုအားအကန့်အသတ် ဖြစ်မှုသည် တင်းခံနိုင်သည့်အခြေအနေရှိနေပြီး တာယာထုတ် ရော်ဘာအမျိုးအစားများမှာ ယခုတစ်ပတ်တွင် အနည်းငယ်သယ်ယူမှုရှိမည်မှန်းရပါသည်။

မလေးရှားရော်ဘာဈေးကွက်မှာ ထုတ်လုပ်မှု လျော့ကျပြီး ရောင်းလိုအားအကျပ်အတည်းကြောင့် ယခုတစ်ပတ် တွင် ဈေးကွက်ကောင်းမွန်လာမည်မှန်းရပါသည်။

သီဟိုတင်ပို့မှုမြှင့်တင်ရေးဆောင်ရွက်

အိန္ဒိယနိုင်ငံသီဟိုတင်ပို့မှုမြှင့်တင်ရေးကောင်စီ the Cashew Export Promotion Council of India (CEPCI)သည် နိုင်ငံ၏ သီဟိုထုတ်လုပ်မှုတိုးမြှင့်ရေးအတွက်လိုအပ် သော အစီအစဉ်များ ချမှတ်ရန် လုံလောက်သော ရံပုံငွေချထားပေးရန် အစိုးရသို့ တိုက်တွန်းလိုက်ပါသည်။ တစ်နှစ်လျှင် နိုင်ငံ၏ သီဟိုကုန်ကြမ်းလိုအပ်ချက်မှာ တန်ချိန် ၁၅ သိန်းခန့် လိုအပ်လျှက်ရှိပြီး ပြည်တွင်းမှ တစ်ဝက်လောက်ကိုသာရရှိပြီး ကျန်လိုအပ်ချက်ကို  ပြည်ပမှ တင်သွင်းလျှက်ရှိ ပါသည်။

အမေရိကန်မှ ဆန်တင်ပို့မှုကို တရုတ်ဈေးကွက်မှ ခွင့်ပြုပေးဖွယ်ရာရှိ

အမေရိကန်မှ ဆန်တင်ပို့မှုကို တရုတ်ဈေးကွက်မှ ခွင့်ပြုပေးဖွယ်ရာရှိ မကြာသေးမီက ဆန်ဈေးနှုန်းတန့်နေပုံရသဖြင့် အမေရိကန်လယ်သမားများက ဆန် စားသုံးမှုပမာဏကြီးမားလာနိုင်မည့် တရုတ်နိုင်ငံသို့ ဆန်များရောင်းချခွင့်ရရန် နီးစပ်လာ ကြောင်း ယုံကြည်လျှက်ရှိကြပါသည်။ တရုတ်နိုင်ငံက အမေရိကန်ဆန်ဈေးကွက်ကို ဖွင့်ပေးလိုက်လျှင် ဝယ်လိုအားမြင့်မားလာနိုင် ပြီး ဈေးနူန်းမြင့်လာနိုင်ကာ အမေရိကန် လယ်သမားများ ဆန်ကိုပိုမိုစိုက်ပျိုးလာစေရန် တွန်းအားပေးမှုများဖြစ်လာနိုင်ကြောင်း ဆန်လုပ်ငန်းလေ့လာသူများက ပြောကြားလျှက်ရှိပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာတွင် ဆန်အများဆုံးထုတ်လုပ်သူဖြစ်သော်လည်း ထုတ်လုပ်သမျှ စားသုံးလျှက်ရှိသည့်အပြင် လူဦးရေ ၁.၃ ဘီလီယံအတွက် လုံလောက်မှုရှိစေရန် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆန်အချို့ကို ဝယ်ယူတင်သွင်းလျှက်ရှိပါသည်။ အမေရိကန်သည် ကမ္ဘာတွင် စတုတ္ထ ဆန်အများဆုံးတင်ပို့သူဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်ကို တင်ပို့လျှက်ရှိပါသည်။

Pages

Subscribe to ပြည်ပဈေးကွက်သတင်းများ