ပြည်တွင်းဈေးကွက်သတင်းများ

မန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်မှ ကန်ဒေါ်လာ ဝ.၀၉၉၇သန်း တန်ဖိုးရှိ စွန်တာနီ/ပြာ ၁၅၃ တန်ပို့ခဲ့ပါသည်။ မူဆယ် ၁၀၅မိုင်မှ ကန်ဒေါ်လာ ဝ.၀၅၅ သန်း တန်ဖိုးရှိ ထောပတ်ပဲ ၉၅တန် ကျော်နဲ့ ကန်ဒေါ်လာ ဝ.၀၀၄ သန်းတန်ဖိုးရှိ ပဲနီကြား ၄တန်ခွဲလည်း အပို့ရှိခဲ့သေးတယ်လို့သိရပါသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်မှ အောက်တိုဘာ၂၄ရက်မှ ၃၀ရက်ထိ ပဲတီစိမ်းလုံးပြည့် ၇၅ တန်ကျော် အမေရိကန်ဒေါ်လာ ဝ.၀၆၂ သန်း၊ တန်ဖိုးရှိပြီး ပဲတီစိမ်း လုံးခြမ်း၉၂တန်ကို အမေရိကန်ဒေါ်လာ ဝ.၁၀၁ သန်း၊ တစ်ဖက်နိုင်ငံသို့ တင်ပို့ ခဲ့ပါ သည်။ တမူးနယ်စမ်မှလည်း ကန်ဒေါ်လာ ဝ.၁၀၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၄တန် လည်း တင်ပို့ ခဲ့ပါ သည်။ ပြည်တွင်း ဈေးကွက်မှာ ပဲတီစိမ်းတစ်တန်လျင် ၆၈၉၇၁၈ ကျပ် ပြည်ပဈေးကွက်မှာ ၈၂၁ ဒေါ်လာရှိပါသည်။

(၁၅.၁၂.၂၀၁၂)

မတ်ပဲထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပဲပွဲရုံတစ်ခုမှာ ငွေကြေးအရှုပ်အရှင်းရှိခဲ့ကြောင်း သိရပါသည်။ယခုတစ်ပတ်အတွင်း မတ်ပဲတစ်တန် ကျပ်၃သောင်းကျော်၊ပဲတီစိမ်း တစ်တန် ကျပ် ၂သောင်းကျော်နဲ့ ပဲတီငုံကတော့ ကျပ်တစ်သောင်းခန့်သာ မြင့်တက်လာခဲ့ပါသည်။ ဈေးနှုန်းအဟများ တဲ့အတွက် ပွဲရုံမှာ ရောင်းချဖို့ အပ်နှံထားတဲ့ ပဲများနဲ့ ပတ်သက်လို့ စာရင်းရှင်း လင်းနိုင်ခြင်းမရှိကြောင်းသိရပါသည်။

(8.10.2012)

ပဲတင်ပို့မှုအနေနှင့် မတ်ပဲနဲ့ ပဲတီစိမ်းတင်ပို့မှုက ယခင်တစ်ပတ်ထက် တစ်ဆခန့် ပိုလာပြီး ပဲစင်းငုံနှင့် အခြားပဲတင်ပို့မှု လျော့ကျလာပါသည်။လာမည့် နိုင်ဝင်ဘာလ၊ ဒီဇင်ဘာလတွေမှာ မတ်ပဲနှင့်ပဲစင်းငုံတင်ပို့မှု လျော့ကျနေပြီး ပဲတီစိမ်းကို ဝယ်လိုအား ကောင်းလာနိုင်တဲ့အတွက် တင်ပို့မှုပိုမိုလာနိုင်ကြောင်း ခန့်မှန်းရပါသည်။

မတ်ပဲ(RC) နဲ့ ပဲစင်းငုံနီ(RC) ကို ပြည်ပအဆွဲအေးလို့ ဈေးကွက်ကျဆင်းလာပါသည်။ အိန္ဒိယမှ ပဲသစ်စတင်ဝင်ရောက်လာကာ မြန်မာ့မတ်ပဲများ ဝယ်လိုအားလျော့သွားသဖြင့် ဈေးကျဆင်းကာ အရောင်းအဝယ်ဖြစ်မှု လျော့ကျခဲ့ကြောင်းသိရပါသည်။ မတ်ပဲ(RC) တစ်ရက်အတွင်း တစ်တန်ကို ၄၉၉၅၀၀ ကျပ် ဈေးနှင့် တန် ၁၁၅ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်းသိရပါသည်။ ပဲစင်ငုံနီ(RC) ကိုလည်း အိန္ဒိယဝယ်လိုအား ကျဆင်း ခဲ့သည့်အတွက် ယခုအပတ်တွင်း ပဲစင်းငုံနီ(RC) ဈေးအေးနေသလို အရောင်းအဝယ် လည်းအေးနေကြောင်း သိရပါသည်။

Pages

Subscribe to ပြည်တွင်းဈေးကွက်သတင်းများ