ပြည်တွင်းဈေးကွက်သတင်းများ

ယခုတစ်ပတ်တွင် အဓိကပဲ (၄)မျိုးဖြစ်သည့် ပြည်တွင်းဈေးနှုန်းများ အနေဖြင့် ပဲတီစိမ်းနှင့်ပဲစင်းငုံ၂ မျိုးမှာ ဈေးမြင့်တက်နေပြီး မတ်ပဲနှင့်ကုလားပဲဖြူလုံးကြီး မှာယခင်အပတ်အတိုင်း ဈေးငြိမ်နေပါသည်။မတ်ပဲပြည်တွင်းဈေး ၄၅၅၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၅၄၅ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၅၉၅ ဒေါ်လာ၊ ပဲတီစိမ်းပြည်တွင်းဈေး ၇၇၁၆၀၀ ကျပ်၊ ပြည်တွင် FOB ဈေး ၉၅၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၉၈၅ ဒေါ်လာ၊ ပဲစင်းငုံပြည်တွင်းဈေး ၅၂၂၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၆၂၀ ဒေါ်လာ၊အိန္ဒိယမွန်ဘိုင်းဈေး ၆၈၈ ဒေါ်လာနှင့် ကုလားပဲဖြူလုံးကြီး ပြည်တွင်းဈေး ၅၅၁၁၀၀ ကျပ် FOB ၆၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၇၈ ဒေါ်လာ ဖြစ်ကြောင်းသိရပါသည်။

ယခုတစ်ပတ်တွင် အဓိကပဲ (၄)မျိုးဖြစ်သည့် ပြည်တွင်းဈေးနှုန်းများ အနေဖြင့် ပဲတီစိမ်းနှင့် ကုလားပဲဖြူလုံးကြီး ၂ မျိုးမှာ ဈေးမြင့်တက်နေပြီး မတ်ပဲမှာ ယခင်အပတ်ထက်ဈေးကျကာ ပဲစင်းငုံမှာ ဈေးငြိမ်နေပါသည်။မတ်ပဲပြည်တွင်းဈေး ၄၅၅၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၅၄၅ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၅၉၂ ဒေါ်လာ၊ ပဲတီစိမ်းပြည်တွင်းဈေး ၇၅၀၁၀၀ ကျပ်၊ ပြည်တွင် FOB ဈေး ၈၁၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၉၇၀ ဒေါ်လာ၊ ပဲစင်းငုံပြည်တွင်းဈေး ၅၁၀၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၈၁၀ ဒေါ်လာ၊အိန္ဒိယမွန်ဘိုင်းဈေး ၆၇၇ ဒေါ်လာနှင့် ကုလားပဲဖြူလုံးကြီး ပြည်တွင်းဈေး ၅၅၁၁၀၀ ကျပ် FOB ၆၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၇၃ ဒေါ်လာ ဖြစ်ကြောင်းသိရပါသည်။

 

 

 

 

ပြည်တွင်းဈေး

(ကျပ်/တန်)

 

 

FOB

ဒေါ်လာ/တန်

 

မွန်ဘိုင်း

ဒေါ်လာ/တန်

 

မတ်ပဲ

၄၆၈၀၀

၅၈၀

၅၇၅

ပဲတီစိမ်း

၇၇၄၆၀၀

၉၂၀

၁၀၁၇

ပဲစင်းငုံ

၅၁၀၀၀

၆၃၀

၆၅၃

ကုလားပဲ

၅၅၁၁၀၀

၇၀၀

၇၁၇

 

မုံရွာတွင် ပဲစင်းငုံအသစ်အဝင်နည်းသဖြင့် ဈေးအနည်းငယ်မြင့်နေသော်လည်း မန္တလေးတွင် ဈေးငြိမ်နေပါသည်။ ပခုက္ကူတွင် ပဲစင်းငုံဈေးအမြင့်ဘက်ရှိနေပါသည်။ ပြည်ဈေးကွက်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၆၅၀၀ ကျပ်ဖြင့်ဈေးကောင်းရနေပါ သည်။

မတ်ပဲမှာ အိန္ဒိယသု့ို ပုံမှန်သွားနေတာဖြစ်ပြီး ဒီဇင်ဘာလကုန်ထိ တင်ပို့မှုမှာ လည်း တန်ချိန်ခြောက်သောင်း ဝန်းကျင်ဖြစ်ပြီး လက်ကျန်မများနိုင်ကြောင်းခန့် မှန်းကြ ပါသည်။ ပဲတီစိမ်းမှာ တရုတ်၊ ရန်ကုန်ဝယ်လက် များရှိနေသဖြင့် အရောင်းအဝယ် ဖြစ်နေ ပါသည်။ ယခု ရန်ကုန်၊ပဲခူး တစ်ဝိုက် ပဲတီစိမ်းစိုက်သော ဒေသများတွင် မိုးရွာသွန်းသည့် အတွက် ပထမစိုက်ထားသော ပဲခင်းများပျက်ပြီး ပြန်စိုက်ရသဖြင့် စိုက်ပျိုးမှု နောက်ကျ လို့ ပဲအထွက်လည်း နောက်ကျမယ်လို့ ခန့်မှန်းကြပါသည်။ ပဲစင်းငုံအသစ်များမှာ ကျောက်ပန်တောင်း၊ မကွေး၊ အောင်လံဘက်မှ ပဲစင်းငုံများ အဝင်လှိုင်စပြုနေပြီး ပခုက္ကူ၊ မန္တလေးဘက်ကလည်း စဝင်လာကြောင်း သိရပါသည်။ မုံရွာ၊တောင်ကြီးဘက်မှာတော့ နောက်လလောက်မှ အဝင်လှိုင်မယ်လို့ ခန့်မှန်းကြပါသည်။ ပြည်ပအဝယ်မသွက် သေးကြောင်းလည်းသိရပါသည်။ယခုအပတ်၏ ပြည်တွင်းဈေး နှုန်းများမှာ မတ်ပဲဈေး ၄၆၅၀၀၀ကျပ် ၊ပဲတီစိမ်းရွှေဝါ ၇၉၆၁၀၀ကျပ်၊ ပဲစင်းငုံ ၅၂၅၀၀၀ ကျပ်ဖြစ်ပြီး၊ ပြည်ပ ဈေးမှာ မတ်ပဲ၆၀၄$၊ ပဲတီစိမ်းရွှေဝါ ၁၀၁၇ $ ၊ ပဲစင်းငုံ ၆၉၄ $ ၊ကုလားပဲ ၅၂၅၀၀၀ $ ရှိကြောင်းသိရပါသည်။

မတ်ပဲဈေးအနေနဲ့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်ထက် ကျပ် ၁၁၀၀၀ ခန့် ပိုလာပြီး ဒီဇင်ဘာ ၂၁ ရက်မှာ တစ်တန်ကျပ် ၄၆၅၀၀၀ ခန့် ရှိပြီး ပဲတီစိမ်းမှာလည်း ပြီးခဲ့တဲ့သီတင်းပတ်ထက် ကျပ် ၅၂၁၀၀ ပိုကာ တစ်တန်ကျပ် ၇၉၆၁၀၀ ကျပ်နဲ့ ရောင်းဝယ်ခဲ့ကြောင်း သိရပါသည်။ ပဲစဉ်းငုံကတော့ ပြီးခဲ့တဲ့ တစ်ပတ်ထက် ကျပ် ၁ သောင်းခန့်ပိုပြီး တစ်တန်ကျပ် ၅၂၅၀၀၀ နဲ့ ရောင်းဝယ်ကြောင်း သိရပါသည်။ အရောင်းအဝယ် အသွက်ဆုံးပဲကတော့ ပဲတီစိမ်းနဲ့ မတ်ပဲဖြစ်ပြီး ပဲစင်းငုံမှာ လက်ကျန်နည်းလာပြီဖြစ်လို့ ရောင်းလက်တွေ ထိန်းရောင်းနေကြတယ်လို့သိရပါသည်။ ပဲစင်းငုံနဲ့ ပဲလွန်းဖြူလည်း ပြီးခဲ့တဲ့ တစ်ပတ်ထက် ပိုလာတယ်လို့ သိရပါသည်။

Pages

Subscribe to ပြည်တွင်းဈေးကွက်သတင်းများ