နောက်ဆုံးရ သတင်း

စားသောက်ကုန်ဘေးကင်းရေးနဲ့ပတ်သက်လို့ အာဆီယံကျွမ်းကျင်သူများအဖွဲ့ရဲ့ (၉ ) ကြိမ်မြောက် အစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အောက်တိုဘာလ ၁၇ ရက်မှာ ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုကျွမ်းကျင်သူများ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ကျန်းမာရေး ဒုတိယ ဝန်ကြီး Nguyen Thanh Long မှ ပြောကြားရာမှာ ယခုတက်ရောက်လာသူများအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလားတူ နိုင်ငံတကာမှ မိတ်ဆွေများနဲ့ စားသောက်ကုန်ဘေးကင်းရေး စီမံခန့်ခွဲမှုအတွေ့အကြုံများ၊ သတင်းအချက်အလက်များမျှဝေဖို့ အခွင့်အရေးရှိတဲ့ အခမ်းအနားဖြစ်တယ်လို့ဆိုပါတယ်။ အစားအသောက်နဲ့ စားသောက်ကုန်များမှတဆင့် ကူးပြောင်းတဲ့ရောဂါနဲ့ စားသောက်ကုန်မှား သန့်ရှင်းမှုမရှိခြင်းဟာ ကမ္ဘာ့လူ့အဖွဲ့အစည်း ကျန်းမာရေးကိုခြိမ်းခြောက်လျက်ရှိရာ အထူးသဖြင့် နိုင်ငံတကာခရီးသွားနဲ့ စားသောက်ကုန်ရောင်းဝယ်ပွဲများ တိုးတက်လာတဲ့ အသိုင်းအဝိုင်းမှာဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် နိုင်ငံတစ်ခုချင်း စီမှာ စားသောက်ကုန်ဘေးကင်းရေးကြီးကြပ်မှုတွေ ခိုင်မာအောင်နဲ့ဒေသတွင်းနဲ့ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ လိုက်လျောညီထွေရှိမယ့် မှန်ကန်တဲ့စံနှုန်းတစ်ခုတည်ဆောက်ခြင်း၊ ဥပဒေနဲ့အညီ  အထောက်အထားများ တည်ဆောက်ခြင်းဖြင့် စားသောက်ကုန်ဘေးကင်းရေး ချိုးဖောက်မှုများကို တိုက်ခိုက်ခြင်းကို အာဆီယံအသိုက် အဝန်းမှာအတူတကွ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ဆိုပါတယ်။
၃ ရက်ကြာပြုလုပ်တဲ့ အစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်သူများဟာ စားသောက်ကုန်ဘေးကင်းရေးနဲ့ပတ်သက်တဲ့ အဆိုပြုချက်များ မည်သို့သတိပြုသင်ြ့ခင်း၊ နိုင်ငံတကာအဆင့် စားသောက်ကုန်ဘေးကင်းရေးစနစ်တည်ဆောက်ခြင်း ဒေသတွင်းစားသုံးသူများကို အရည်အသွေးကောင်း၊ ဘေးကင်းတဲ့စားသောက်ကုန်များရရှိဖို့ အကူအညီပေးခြင်းစတာတွေကို ဆွေးနွေးမယ်လို့သိရပါတယ်။
ယမင်းခင်
Source: VOU

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရင်းပို့ကုန်အမယ်သစ်များကိုလည်း ဈေးကွက်ထိုးဖောက်ဝင်ရောက် နိုင်ရေး
ကြိုးပမ်းလျက်ရှိရာ ယခင်က ချင်းအား ချင်းစို၊ ချင်းခြောက်၊ ချင်းခြောက်အလွှာပါးနှင့် ချင်းခြောက်(အမှုန့်) ဟူ၍ ပြည်ပသို့ တင်ပို့လျက်ရှိနေရာမှ ယခုအခါ မြန်မာနိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ အမယ်သစ် ချင်းနက် ခြောက် ၁၀၀၀ ကီလိုဂရမ်အား ဂျပန်နိုင်ငံသို့တင်ပို့ရန် ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ရာ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပို့ကုန်လိုင်စင် ထုတ် ပေးထားပြီးဖြစ် ကြောင်း သိရှိရပါသည်။ ချင်းနက်မှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ပျိုးထွက်ရှိပြီး ဒေသအခေါ် တိမ်ပြာနနွင်းဟု ခေါ်ဝေါ် ကြောင်း သိရှိရပါသည်။ ချင်းနက်ဆိုသော်လည်း ချင်းကဲ့သို့ ပူစပ်သောအရာမရှိဘဲ နနွင်းအရသာရှိပြီး ချင်းနက်အား ဝါးစားပါက သွားများကိုပင် မည်းနက်စေကြောင်း သိရှိရပါသည်။ ချင်းနက်အပင်မျိုးနွယ်မှာ ချင်းကဲ့သို့အရသာမရှိသော်လည်း နနွင်းတက်ကဲ့သို့ သေးသွယ်ခြင်းမရှိဘဲ ချင်းဥမအရွယ်ရှိသောကြောင့် ချင်းနက်ဟု ခေါ်ဝေါ်သတ်မှတ်ခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အရသာနှင့် အပင်ပုံစံကိုအစွဲပြုပြီးဒေသတွင်း တိမ်ပြာနနွင်းဟု ခေါ်ဆိုကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ချင်းနက်ကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသသုံး တိုင်းရင်းဆေးဖော်စပ်စားသုံးရန် စိုက်ပျိုးမှု အနည်းငယ် သာရှိပြီး ပိဿာချိန် ၃၀၀၀၀ ခန့်သာ စုဆောင်းဝယ်ယူနိုင်ကြောင်းနှင့် ဒေသအတွင်း အမှုန့်ကြိတ်ကာ ပျားရည်နှင့်ရောစပ်ပြီး အားဆေးအဖြစ်သုံးစွဲကြကြောင်း၊ ပြည်တွင်းပြည်ပအမှာရှိပါက စိုက်ပျိုးပေးနိုင်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံတွင် ချင်းနက် FOB တစ်ကီလိုဂရမ်ဈေးမှာ အမေရိကန်ဒေါ်လာ ရှစ်ဒေါ်လာဖြစ်သဖြင့် သင့်တင့်ကောင်းမွန်သည့် ဈေးနှုန်းရရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ချင်းနက်အား ပရဆေးဖော်စပ်ရန်နှင့် အလှကုန်လုပ်ငန်း များတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာ့ချင်းနက်ကို ဂျပန်နိုင်ငံမှနှစ်သက်၍ ဆက်လက်ဝယ်ယူသည့်အပြင် အခြားနိုင်ငံများမှ ဝယ်လက် (Buyer) များရှာဖွေ နိုင်ပါက စိုက်ပျိုးထုတ်လုပ်ပေးနိုင်မည့် အမယ်တစ်မျိုးဖြစ်သည့် အတွက်ဈေး ကွက်သစ်များတိုးတက်ရရှိရေး ပို့ကုန်လုပ်ငန်းရှင် များမှ ရှာဖွေနိုင်ပါက နိုင်ငံခြားဝင်ငွေ ထိရောက်စွာ ရှာဖွေပေးနိုင်သည့် အမယ်သစ်ပို့ကုန် တစ်မျိုး ဖြစ်လာနိုင်ပါသည်။  တောင်သူများအနေဖြင့်လည်း ဈေးကွက်အခွင့်အလမ်း ရရှိနိုင်မည်ဖြစ်သဖြင့် ချင်းနက်အား ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်သင့်ပါကြောင်း သတင်းကောင်းပါလိုက်ရပါသည်။                               
စန္ဒာထွန်း (ပို့ကုန်)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ TPIS ရုံးခန်းတွင် အောက်တို ဘာလ ပထမပတ်က ကျုံပျော်မြို့နယ် ပီလောပီနီံ(ကလော) လုပ်ငန်းရှင်များလာရောက်ပြီး ပြည်တွင်းဈေးကွက်မှ Value  Added ပြုလုပ်ပြီး ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ကျုံပျော်မြို့နယ်မှာ လွန်ခဲ့တဲ့ နှစ်(၄၀/၅၀)ခန့်မှစပြီး၊ ပီလောပီနံ (ကလော) ကို တောင်သူများမှ စိုက်ပျိုးပြီး တစ်ပိုင်တစ်နိုင် အသေးစား စက်မှုလုပ်ငန်းတစ်ခုအဖြစ် ကျေးရွာများမှာ ပီလောပီနံကော်မှုန့်များကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန် ကျုံပျော်မြို့နယ်မှာ ကော်မှုန့်ပြုလုပ်တဲ့ စက်ကြီး၊ စက်လတ်၊ စက်သေး စုစုပေါင်း ၁၀၀ ကျော်ရှိပြီး၊ ပီလောပီနံကော်မှုန့်လုပ်ငန်းမှာ စိုက်ပျိုးရေးကုန်ကြမ်းမှ ကုန်ချောထုတ် လုပ်တဲ့ လုပ်ငန်းဖြစ်ကြောင်း  လုပ်ငန်းရှင်များမှ ဆွေးနွေးပြောကြားပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလဈေးကွက်မှာ ကလောမှုန့် တစ် ပိဿာ ၅၅၀ ကျပ်ဈေးခန့်ရှိပြီး၊ ကလောမှုန့် ၃၀ ပိဿာ တစ်အိတ်မှာ ၁၆၅၀၀ ကျပ်ဖြစ်ကြောင်း၊ တစ်မြို့နယ်လုံး ပျမ်းမျှအိတ် သုံးသန်းထွက် ရှိရင် တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း ၄၉၅၀၀ ကျပ်ဖြင့် ပြည်တွင်းဈေး ကွက်ရှိနေပြီး၊ စိုက်ပျိုးသူတောင်သူများကို နည်းပညာအရင်းအနှီးနဲ့ ထုတ် လုပ်သူများကို နည်းပညာ၊ လိုအပ်တဲ့ စက်ကိရိယာများ၊ အရင်းအနှီး အကူအညီများရရှိပါက ပြည်ပဈေးကွက်မှာ ဒေါ်လာ သန်းပေါင်းများစွာ ရရှိနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း စွယ်စုံပီလောပီနံ ကော်မှုန့်လုပ်ငန်းရှင် ဦးကျော်သူရက ဆွေးနွေးပြောကြားပါတယ်။
ပြည်ပဈေးကွက်ယှဉ်ပြိုင်နိုင်ဖို့ ပီလောစိုက်တောင်သူများ အထွက် တိုးမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ မြေသြဇာသုံးစွဲမှုနဲ့ သိပ္ပံနည်းကျစနစ်တကျစိုက်ပျိုးနိုင်ရေး နည်းပညာများရရှိရန်နဲ့ ထုတ်လုပ်သူလုပ်ငန်း ရှင်များ နည်းပညာ စက်ကိရိယာနဲ့ ရင်းနှီးမြှုပ်နှံမှုများရရှိစေပြီး၊ ပြည်ပပို့ကုန် မြင့်မားလာရေးအတွက် ပီလောပီနံကော်မှုန့်  ထုတ်လုပ်သူများ အသင်း ဖွဲ့စည်းရန် ဒေသအာဏာပိုင်နဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးမှာဖြစ်ကြောင်း၊ နည်း ပညာ၊ ဈေးကွက်အခြေအနေများနဲ့ လိုအပ်တာများကိုလည်း တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးအောင်က ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။                               
မင်းမင်းဦး-ပုသိမ်

တရုတ်နဲ့ ဂျပန်နိုင်ငံတို့ရဲ့ တရုတ်အရှေ့ပင်လယ်ရှိ ကျွန်းအငြင်း ပွားမှုပြသနာကြောင့် တရုတ်နိုင်ငံရှိ တိုယိုတာကားကုမ္ပဏီရဲ့ စက်တင်ဘာလရောင်းအားက သြဂုတ်လနဲ့  နှိုင်းယှဉ်ပါက ရောင်းအားထက် ဝက်ကျဆင်းသွားကြောင်း သတင်းတွေမှာ ဖော်ပြပါရှိတယ်။ တိုယိုတာကားကုမ္ပဏီရဲ့ တရုတ်ဈေးကွက်မှာ ရောင်းအားက တစ်ကမ္ဘာလုံးရောင်းအားရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း၊ ၎င်းအငြင်းပွားမှု ပြဿနာကြောင့် စက်တင်ဘာလလယ်လောက် ကစပြီး ဖောက်သည်တွေ လျော့နည်းသွားရာ ရရှိထားတဲ့ အမှာစာအသစ်တွေမှာလည်း ပယ်ဖျက်ခြင်းခံခဲ့ရကြောင်း သိရတယ်။
တိုယိုတာကုမ္ပဏီက တရုတ်နိုင်ငံမှာ  သြဂုတ်လအတွင်းက ကားအစီးရေပေါင်း ၇၅၀၀၀ ရောင်းချခဲ့ရပြီး စက်တင်ဘာလမှာ ၎င်းင်းအရေအတွက်ရဲ့ ထက်ဝက်ခန့်သာ ရောင်းချရတော့ရာ တရုတ် နိုင်ငံရှိ တိုယိုတာကား စက်ရုံတွေရဲ့ အောက်တိုဘာလအတွက် ထုတ်လုပ်မှုကို ချက်ချင်းလျှော့ချလိုက်ရတယ်။
ဒါ့အပြင် တိုယိုတာကုမ္ပဏီက ယခု ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတစ် ဝန်းလုံးရှိ ကားစက်ရုံတွေမှ ကားအစီးရေပေါင်း ၁၀ ဒသမ ၀၅ သန်းထိ မှတ်တမ်းဝင်ထုတ်လုပ်သွားမယ်လို့ သြဂုတ်လအတွင်းက ကြေညာခဲ့သော်လည်း ယခုလက်ရှိ ဖြစ်ပွားနေတဲ့ ကျွန်းအငြင်းပွားမှု ပြဿနာကြောင့် ၎င်းလျာထားချက်ကို မဖြစ်မနေ ပြန်လည်ပြင်ဆင်ရ တော့မှာဖြစ်ကြောင်း သတင်းတွေမှာပါရှိတယ်။
Source: asianewsnet.net/home/news?
စန္ဒာပျို

ဥရောပဗဟိုဘဏ်က အစိုးရငွေချေးစာချုပ်တွေကို စတင်ဝယ်ယူ သွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သတင်းကြောင့် ရွှေအပါအဝင် အဖိုးတန်သတ္ထုတွေကို ဝယ်လိုအားမြင့်မားလာတယ်။ ဒါ့ကြောင့် ကမ္ဘာ့ရွှေ ကြိုပွိုင့် ဈေးနှုန်းတွေက ၁၁ လနီးပါးကာလအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့တယ်။ အောက်တိုဘာ ၅ ရက်မှ ဒီဇင်ဘာလအရောက်ပို့ရမယ့် ရွှေကြို ပွိုင့်ဈေးနှုန်းက တစ်အောင်စကို ၁၇၉၇ ဒသမ ၇၀ ဒေါ်လာအထိရောက် ရှိခဲ့ရာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ် လာပါတယ်။
Source:Bloomberg.com
ပပ

Pages

Subscribe to နောက်ဆုံးရ သတင်း