နောက်ဆုံးရ သတင်း

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၁း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှုဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Lisa Weedon ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ၁၃း၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်သည့် ကုန်စည်ထုတ်လုပ်မှု၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ(၄/၂၀၁၅) ကြိမ်မြောက် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက် အမှာစကားပြောကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ သက်ဆိုင်ရာနိုင်ငံ များတွင် စီးပွားရေးသံမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသော စီးပွားရေးသံမှူး (၉) ဦးအား ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ၁၄း၀၀ နာရီ အချိန်တွင် ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံ

ယခင်ကနိုင်ငံခြားသား ကုမ္ပဏီများအား ကုန်သွယ်ခွင့်မပြုဘဲ ဝန်ဆောင်မှုလုပ်ငန်းများကိုသာ ခွင့်ပြုခဲ့ရာမှ ယခုအခါ ကုန်သွယ်မှုနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ကမ္ဘာကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရလည်းကောင်း၊ လက်ရှိ ပြောင်းလဲလာသော စီးပွားရေးအခြေအနေများအရ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြုပ်နှံလိုသူများ၊ စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်လိုသူများ များပြားလာမှုအရလည်းကောင်း ပြည်တွင်းလိုအပ်ချက်ကိုအခြေခံ၍ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍအတွက် အဓိကအရေးကြီးပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ဓါက်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးကိရိယာများကို နိုင်ငံခြားသားဖက်စပ် ကုမ္ပဏီများအား ကုန်သွယ်ခွင့်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၁-၁၁-၂၀၁၅ ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၉၆/၂၀၁၅) ဖြင့်ထုတ်ပြန်လိုက်ပါသည်။

Attachment Files:

အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅)

ယခင်နိုင်ငံခြားသားကုမ္ပဏီများအား ကုန်သွယ်ခွင့်မပြုဘဲ ဝန်ဆောင်မှုလုပ်ငန်းကိုသာ ခွင့်ပြုခဲ့ရာမှ ယခုအခါ ကုန်သွယ်မှုနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းမာျး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရလည်းကောင်း ပြောင်းလဲလာသော စီးပွားရေးအခြအနေများအရ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများ စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်လိုသူများ များပြားလာမှုအရလည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်ကိုအခြေခံ၍ ကုန်သွယ်မှုကဏ္ဍဖွင့်ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍအတွက် အဓိကကျပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ဓါတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးကိရိယာများကို နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ကို ဝန်ကြီးရုံး၏ ၁၁.၁၁.၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း