နောက်ဆုံးရ သတင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဝန်ကြီးဌာန၏ ဒသမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်၍ ကထိန်လျာ ဉတ်သင်္ကန်းနှင့် နေ့ဆွမ်းတို့အားဆက်ကပ်လှူဒါန်းခဲ့ပါသည်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့်သည် အပြည် ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC) ဌာနေရုံးမှတာဝန်ရှိသူ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ ပြီးမြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆက်လက်ဆောင် ရွက်သွားရန်အတွက် ညှိနှိုင်းဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုမ္ပဏီများမှ ပို့ကုန်သွင်းကုန်ပစ္စည်းများ တင်ပို့တင်သွင်းရာတွင် သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကုမ္ပဏီ ကိုယ်စားလှယ်များအနေဖြင့် လုပ်ထုံး လုပ်နည်းစနစ်များကိုသိရှိစေခြင်းဖြင့် လုပ်ငန်းများ လျင်မြန်စွာ အောင်မြင်ပြီးမြောက်နိုင်မည် ဖြစ်ပါသည်။ ကုမ္ပဏီကိုယ်စားလှယ်များ လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန်အတွက် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်း သင်တန်း အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          သင်တန်းတွင် ကုမ္ပဏီကိုယ်စားလှယ်များအနေနှင့် သိသင့်သိထိုက်သော ပို့ကုန်သွင်းကုန်လုပ်ထုံး လုပ်နည်းများ လက်ရှိ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်နှင့် စံညွှန်းများ၊ နိုင်ငံတကာ ကုန်သွယ်မှုမူဝါဒများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာထမ်းများနှင့် ကုန်သွယ်မှုဆက်စပ်နေသော အခြားဝန်ကြီးဌာနများမှ အရာထမ်းများက စာတွေ့၊ လက်တွေ့သင်ကြားပို့ချ ပေးမည်ဖြစ်ပါသည်။

          သင်တန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ သင်တန်းကာမှာ ရက်သတ္တပတ်(၂)ပတ်၊ တစ်ပတ်လျှင် (၅)ရက် (တနင်္လာနေ့မှ သောကြာနေ့ထိ) နံနက်(၀၉: ၄၅) မှ (၁၂ : ၃၀)အချိန်ထိ ဖွင့်လှစ်သွားမည်ဖြစ် ပါသည်။

          သင်တန်းဝင်ခွင့် လျှောက်လွှာများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ နှင့် ရန်ကုန်တိုင်းဒေသကြီးရုံး၊ ကုန်သွယ်မှုသင်တန်းကျောင်း၊ ရန်ကုန်မြို့တွင် အခမဲ့ထုတ်ယူနိုင်ပြီး၊ နိုဝင်ဘာ လ(၂၃)ရက် နေ့မှစ၍ ဝင်ခွင့်လျှောက်လွှာများကို လက်ခံသွားမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ရက်ကို ထပ်မံ အကြောင်းကြားသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကုန်သွယ်ရေးဦးစီးဌာန နှင့်ဖရက်ဒရစ်နော်မန်ဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်တွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ (၁၂း ၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အခြေအနေနှင့်စပ်လျဉ်း၍ သတင်းမီဒီယာ များ နှင့် တွေ့ဆုံရှင်း လင်းပွဲကျင်း ပပြုလုပ်အပြီးတွင် အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တွေ့ဆုံမေးမြန်းခြင်းနှင့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား

Pages

Subscribe to နောက်ဆုံးရ သတင်း