နောက်ဆုံးရ သတင်း

မီးဘေးကြိုတင်ကာကွယ်ရေးအကြောင်းဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံ လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ ၁၃း၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ ကုန်သွယ်ရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းတက်ရောက် အမှာစကားပြောကြားပြီး မီးသတ်ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက မီးငြိမ်းသတ် ရေးလုပ်ငန်းစဉ်အဆင့် (၃) ဆင့်ကို ဟောပြောဆွေးနွေးပြောကြားခြင်းနှင့် မီးသတ်ဆေးဘူးများ အသုံးပြု ခြင်း၊ Hose Reel ကဲ့သို့ အထိုင်မီးငြိမ်းသတ်မှု ကိရိယာများအသုံးပြုခြင်းများကို ပညာရှင်များမှ သရုပ်ပြသခဲ့ ပြီး ဝန်ထမ်းများမှလည်း လက်တွေ့ေ ဆာင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် KOTRA မှ Executive Vice President ဖြစ်သူ Mr. Yun Wonsok ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀း၃၀ နာရီအချိန်တွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် နှစ်ပတ်လျှင် တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲ၌ ကုန်သွယ်ရေးဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဟန်လင်းဇော်မှ “အင်ဒိုနီးရှားနိုင်ငံသို့ ယှဉ်ပြိုင်မှုလေ့လာရေး ခရီးစဉ်သွား ရောက်ခဲ့မှု အတွေ့အကြုံရှင်းလင်းတင်ပြခြင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်မှ နိဂုံးချုပ်အမှာ စကားပြောကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် Development and Reform Commission မှ ဥက္ကဌဖြစ်သူ Mr. Yang Hong Bo ဦးဆောင်ေ သာ ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် နှစ်ပတ်လျှင် တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲ၌ ကုန်သွယ်မှုမြှင့်တင် ရေးနှင့် စားသုံး သူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတိုးဦးမှ “ Agriculture Products and Food Products Quality and Safety System in China” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးခင်ဇော်မှ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းမှ နိဂုံးချုပ်အမှာစကားပြောကြား

Pages

Subscribe to နောက်ဆုံးရ သတင်း