နောက်ဆုံးရ သတင်း

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် Kett Electric Laboratory မှ General Manager ဖြစ်သူ Mr. N YOSHIDA နှင့် Japan Development Service Co.,Ltd မှ Director ဖြစ်သူ Mr. T IDE တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား  လက်ခံတွေ့ဆုံ

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (JICA) နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ထောင်သည့် မြန်မာ-ဂျပန်စင်တာ (MJC) ပရောဂျက်၏ အကဲဖြတ်မှုအစီရင်ခံစာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး အကဲဖြတ်မှုအစီရင် ခံစာအား လက်မှတ်ရေးထိုး

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် မြန်မာ-ဂျပန်စင်တာ ပရောဂျက်၏ အကဲဖြတ်အစီ ရင်ခံစာတင်သွင်းခြင်း အခမ်းအနားနှင့်ပတ်သက်သည့် အကြို ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် နှစ်ပတ်လျှင် တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲ၌ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးမှ “အာဆီယံ-သြစတြေးလျ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းအစီအစဉ်အရ ပထမအကြိမ် စားသုံးသူရေးရာ ကာကွယ်ရေးုဆိုင်ရာ နည်းပညာအရည် အသွေးခိုင်မာစေရန် သင်တန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ဇော်မှ ဖြည့်စွက်ဆွေးနွေးပြီး ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးမှ နိဂုံးချုပ်အမှာစကားပြောကြား

 

 

 

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (International Finance Corporation- IFC) မှ Senior Operation Officer ဖြစ်သူ Mr. Charles Schneider ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ အစည်းအဝေးကျင်းပပြုလုပ်

Pages

Subscribe to နောက်ဆုံးရ သတင်း