ယှဉ်ပြိုင်မှုမူဝါဒ (Competition)

(၂၀)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား ပုဂံမြို့၊ ပုဂံဟိုတယ်တွင် ကျင်းပပြုလုပ်ခြင်း

Mon, 01/15/2018 - 03:56 -- competition
Myanmar

(၂၀)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား ပုဂံမြို့၊ ပုဂံဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ပုဂံဟိုတယ်၊ သစ္စာဝတီခန်းမ၌ ပြုလုပ်ခဲ့ပြီး အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့၏ အလှည့်ကျ ဥက္ကဌဖြစ်သူ မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဌာနမှူး Ms. Yap Lai Peng မှ မိတ်ဆက် အမှာစကားပြောကြားကာ အစည်းအဝေးကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ(၁၀)နိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ခံများ၊ GIZ မှ တာဝန်ရှိသူများ၊ အာဆီယံ - သြစတြေးလျ - နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု ဒေသကော်မတီမှ ကျွမ်းကျင်သူများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

Commerce Journal / Vol. 17, No. 15 / Apr 24, 2017ပါ (၁၉)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများကျင်းပပြုလုပ်ခြင်း သတင်းဆောင်းပါး

Mon, 06/05/2017 - 08:06 -- competition

Commerce Journal / Vol. 17, No. 15 / Apr 24, 2017ပါ ယှဉ်ပြိုင်မှုဥပဒေအကြောင်း သိကောင်းစရာများ

Mon, 06/05/2017 - 08:05 -- competition

ယှဉ်ပြိုင်မှုဆိုင်ရာ သိကောင်းစရာများ

Wed, 06/22/2016 - 06:52 -- dotadmin
Undefined

ယှဉ်ပြိုင်မှုကိုချျိုးဖောက်သော သဘောတူညီချက်များ

Latest News: 

ယှဉ်ြ့ပိုင်မှုဆိုင်ရာအသိပညာပေးစာစောင်များ ဖော်ပြခြင်း

Thu, 03/10/2016 - 03:53 -- dotadmin

အခြေခံမူများ

Thu, 11/12/2015 - 13:23 -- dotadmin
Myanmar

(က)    ဈေးကွက်တွင် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှုဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်းအားဖြင့် ဒေသတွင်းနှင့် နိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် အသိုက်အဝန်းအဖြစ် ရောက်ရှိစေရေး၊

(ခ)     ဈေးကွက်တွင် မျှတသော ယှဉ်ပြိုင်မှုကို အားပေးကူညီခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ တပြေးညီ တိုးတက်လာစေရေးနှင့် သာတူညီမျှ ခံစားခွင့် ရရှိစေရေး၊

(ဂ)     ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ရေး၊

(ဃ)    လုပ်ငန်းနယ်ပယ်အသီးသီးတွင် လွတ်လပ်၍မျှတသော ယှဉ်ပြိုင်မှု ဖြစ်ထွန်း ပေါ်ပေါက်စေရေး၊

(င)     အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံအချင်းချင်းဆိုင်ရာ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်လုပ်သားများ၊ ငွေကြေးစီးဝင်မှုများအတွက် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သော စီးပွားရေးအသိုက်အဝန်းတစ်ခုအဖြစ် ဖွဲ့စည်းဖြစ်ပေါ်လာစေရေး နှင့် ယှဉ်ပြိုင်မှုကွန်ယက်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊

(စ)     ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုမူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊

(ဆ)    ရင်းနှီးမြှုပ်နှံသူ၊ တီထွင်သူနှင့် ထုတ်လုပ်သူတို့၏ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ပေးခြင်းဖြင့် တီထွင်ကြံဆနိုင်သော စွမ်းရည်ကို အားပေးမြှင့်တင်ရေး။

Latest News: 

Pages

Subscribe to RSS - ယှဉ်ပြိုင်မှုမူဝါဒ (Competition)

သတင်းအချက်အလက်များ