
(၁၅.၁.၂၀၂၀) ရက်နေ့အထိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်််ပုံတင်အမှတ်အား ယခင် Digit (၅) လုံးမှ TIN NO-Digit (၉) လုံးသို့ ပြောင်းလဲပြီးသည့် ကုမ္ပဏီများစာရင်း

Tue, 02/04/2020 - 09:10 -- ictuser

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျောက်တွင်ပါဝင်သည့် ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်သည့် ကုန်သည်လုပ်ငန်းရှင်များကြားတွင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကုမ္ပဏီ မှတ်ပုံတင်အမှတ် (TIN NO- Digit ၉ လုံး) အား (၅.၁.၂၀၂၀) ရက်နေ့မှ စတင်၍ အသုံးပြုခဲ့ကြပါသည်။

(၁၅.၁.၂၀၂၀) ရက်​နေ့အထိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အမှတ်အား ယခင်Digit (၅)လုံးမှTIN NO-Digit (၉) လုံးသို့ ပြောင်းလဲပြီးသည့် ကုမ္ပဏီများ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Myanmar
Latest News: 

ပို့ကုန်သွင်းကုန်နှင့် ပတ်သတ်သောသတင်းလွှာ ၁/၂၀၂၀

Tue, 01/07/2020 - 04:24 -- ictuser

 

ပြည်တွင်းရှိ  အခြေခံလူတန်းစားများအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး စျေးနှုန်းသက်သာသော ပြည်ပစက်ဘီးအဟောင်းများကို အသုံးပြုနိုင်ရန်ရည်ရွယ်၍ အသုံးပြုပြီးစက်ဘီး ( Used Bicycle)များအား ၂၀၂၀ပြည့်နှစ်အတွက် တင်သွင်းခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်သော သတင်းလွှာ

Undefined
Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၈/၂၀၁၉)

Tue, 12/24/2019 - 10:02 -- dotadmin

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းမရှိသည့် သမဝါယမအသင်းလီမိတက်များ၊ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် (ITC) နှင့် တစ်ဦးချင်း ကုန်သွယ်ခွင့်ပါမစ်မှတ်ပုံတင် Code နံပါတ်များ(အစား) TIN No ဖြင့် တူညီစွာပြောင်းလဲအသုံးပြုဆောင်ရွက်မည့်ကိစ္စအား အသိပေးကြေငြာသည့် သတင်းလွှာ

Undefined
Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၇/၂၀၁၉)

Tue, 12/24/2019 - 09:55 -- dotadmin

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပါအချက်များ Update ပြင်ဆင်နိုင်ရေး အသိပေးကြေငြာသည့် သတင်းလွှာ

Undefined
Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၇/၂၀၁၉)

Fri, 09/27/2019 - 05:48 -- eiprdep

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့် Standard Operating Procedures ထုတ်ပြန်သည့် သတင်းလွှာ

သတင်းလွှာ (၇/၂၀၁၉)

Undefined
Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၅/၂၀၁၉)

Tue, 09/24/2019 - 06:49 -- eiprdep

ကုက္ကိုလ်သစ်ခွဲသားများ ပြည်ပသို့ တင်ပို့ခွင့်မပြုကြောင်း အသိပေးကြေညာသည့် သတင်းလွှာ

သတင်းလွှာ (၅/၂၀၁၉)

Undefined
Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၆/၂၀၁၉)

Mon, 09/23/2019 - 07:51 -- eiprdep

အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၁၉ အရ လက်လီ/လက်ကားရောင်းချခွင့် မှတ်ပုံတင်လျှောက်ထားရန်ကိစ္စနှင့်စပ်လျဉ်း၍  သတင်းလွှာ (၆/၂၀၁၉) ထုတ်ပြန်ခြင်း

သတင်းလွှာ (၆/၂၀၁၉)-

Undefined
Latest News: 
Latest New တင္ရန္

ပြည်ပမှတင်သွင်းလာမည့် သုံးဘီးဆိုင်ကယ်များ၊ ပြည်တွင်းတွင် SKD/ CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့် သုံးဘီးဆိုင်ကယ်များကို ၂၆-၈-၂၀၁၉ ရက်နေ့မှ စ၍ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင်Safety ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသိပေးကြေငြာခြင်း

Fri, 08/23/2019 - 08:59 -- ictuser

ပြည်ပမှတင်သွင်းလာမည့် သုံးဘီးဆိုင်ကယ်များ၊ ပြည်တွင်းတွင် SKD/ CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့် သုံးဘီးဆိုင်ကယ်များကို ၂၆-၈-၂၀၁၉ ရက်နေ့မှ စ၍ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင်Safety ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အောက်ပါသတ်မှတ်ချက် အတွင်း လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပါသည်-

 

စက်စွမ်းအား(Max)

 

  •  Engine Power (Max)    -       450 cc
  •  Diesel Engine ဖြစ်ပါက (1 Cylinder)

အတိုင်းအတာ

  •  ယာဉ်အလျား (Max)       -       4250 mm (13.9ft)
  • ယာဉ်အနံ (Max)             -       1500 mm (4.9ft)
  • အမြင့်(Max)                   -       2000 mm (6.5ft)

တင်အား (Max)

  • သုံးဘီးမော်တော်ဆိုင်ကယ်        -       500 kg
  • လူစီးသုံးဘီးမော်တော်ယာဉ်      -       5 P (ယာဉ်မောင်းသူအပါအဝင်)

ဝင်ရိုးအရေအတွက်(Max)                   -       (2) Axle

Axle Capacity (Max)                        -       1000 kg

Tyre Size (Max)                               -       5.00 -12

  • အထက်ဖော်ပြပါကန့်သတ်ချက်များမှာအများဆုံးခွင့်ပြုမည့်ကန့်သတ်ချက်များဖြစ်ပြီးထုတ်လုပ်ပြီးယာဉ်တစ်စီးချင်းစီအတွက်မူလထုတ်လုပ်သူမှသတ်မှတ်ထားသည့်စက်ရုံ ထုတ်Specificationပါသတ်မှတ်ချက်များအတိုင်းတိကျမှန်ကန် ကိုက်ညီမှုရှိရမည်။
  •  မူလစက်ရုံထုတ်ယာဉ်ကိုပြုပြင်ပြင်ဆင်ပြောင်းလဲထားခြင်းများခွင့်မပြု။
  • Specificationများကိုစိစစ်ရာတွင်ယာဉ်သည်ခွင့်ပြုချက်နှင့်အညီထုတ်လုပ်ထားသောမူလစက်ရုံထုတ်ယာဉ်ဖြစ်ကြောင်းသေချာစေရန်လိုအပ်ပါကCatalogueမူရင်းများ၊  သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း(Government Body)မှ ထုတ်ပေး ထားသော Type Approval Certificate များပူးတွဲတင်ပြနိုင်ရမည်။

 

                                                                                                            မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ

                                                                                                                                                         ( ၁၉.၈.၂၀၁၉)

Undefined
Latest News: 
Latest New တင္ရန္

(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၃)ခုစာရင်း

Wed, 08/07/2019 - 07:06 -- ictuser

၂၀၁၂ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်၂၀၁၅ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကိုပြင်ဆင်သည့်ဥပဒေအခန်း(၁၁)၊ပုဒ်မ(၃၈)ခုတွင်မည်သူမျှပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏ဘဏ်ငွေစာရင်းသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်ပျက်ကွက်ခြင်းမရှိစေရဟုပြဌာန်းထားရှိပါသည်။ ယင်းဥပဒေပြဌာန်းချက်အရပြည်ပသို့ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့်ပို့ကုန်ရငွေအားလုံးကိုပို့ကုန်များသင်္ဘာတင်သည့်နေ့မှ(၆)လအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏ ဘဏ်ငွေစာရင်းအသီးသီးသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်တာဝန်ရှိပါသည်။၂၀၁၇ခုနှစ်အတွင်းပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့်
ကုမ္ပဏီများအနက်ပမာဏအများဆုံးကျန်ရှိသောကုမ္ပဏီ(၄၀)ခုရှိကြောင်းဗဟိုဘဏ်မှအကြောင်းကြားလာရာပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်
ကျန်ရှိသည့်ကုမ္ပဏီ(၄၀)ဆောင်ရွက်ကြပါရန်၂၀၁၉ခုနစ်ဇွန်လ(၆)ရက်နေ့မှစ၍ဝန်ကြီးဌာနwebsiteမှတဆင့်အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ပါသည်။ယခုအခါမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
(၆.၈.၂၀၁၉)ရက်စွဲပါစာဖြင့်ကုမ္ပဏီ(၄)ခုတို့မှပို့ကုန်ရငွေများအပြည့်အဝပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်းအကြောင်းကြားလာပါသဖြင့်ယခင်ကုမ္ပဏီ(၇)ခုအစားကုမ္ပဏီ(၃)
ခုစာရင်းအား သိရှိနိုင်ပါရန်အကြောင်းကြားအပ်ပါသည်။

(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၃)ခုစာရင်း
စဉ် ကုမ္ပဏီအမည် မန်နေဂျင်းဒါရိုက်တာအမည်/ဒါရိုက်တာအမည် ပသကအမှတ် မှတ်ချက်
1 Fine Ply Myanmar Private Ltd.  Mr.Ashok Garg  32835  
2 Green Land Agriculture Co-Operative Society Ltd.  U Soe Yin  25250  
3 Kyaw San Co., Ltd.  U Kyaw Oo  17343  
Undefined
Latest News: 
Latest New တင္ရန္

(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၇)ခုစာရင်း

Wed, 07/31/2019 - 07:16 -- ictuser

၂၀၁၂ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်၂၀၁၅ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကိုပြင်ဆင်သည့်ဥပဒေအခန်း(၁၁)၊ပုဒ်မ(၃၈)ခုတွင်မည်သူမျှပို့ကုန်ရငွေအားလုံးကို
သတ်မှတ်ကာလအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏ဘဏ်ငွေစာရင်းသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်ပျက်ကွက်ခြင်းမရှိစေရဟုပြဌာန်းထားရှိပါသည်။
ယင်းဥပဒေပြဌာန်းချက်အရပြည်ပသို့ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့်ပို့ကုန်ရငွေအားလုံးကိုပို့ကုန်များသင်္ဘာတင်သည့်နေ့မှ(၆)လအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏
ဘဏ်ငွေစာရင်းအသီးသီးသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်တာဝန်ရှိပါသည်။

၂၀၁၇ခုနှစ်အတွင်းပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့်ကုမ္ပဏီများအနက်ပမာဏအများဆုံးကျန်ရှိသောကုမ္ပဏီ(၄၀)ခုရှိကြောင်းဗဟိုဘဏ်မှ
အကြောင်းကြားလာရာပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့်ကုမ္ပဏီ(၄၀)ဆောင်ရွက်ကြပါရန်၂၀၁၉ခုနစ်ဇွန်လ(၆)ရက်နေ့မှစ၍ဝန်ကြီးဌာန
websiteမှတဆင့်အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ(၃၀.၇.၂၀၁၉)ရက်စွဲပါစာဖြင့်ကုမ္ပဏီ(၆)ခုတို့မှပို့ကုန်ရငွေများအပြည့်အဝပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်းအကြောင်းကြား
လာပါသဖြင့်ယခင်ကုမ္ပဏီ(၁၃)ခု အစားကုမ္ပဏီ(၇)ခုစာရင်းအားသိရှိနိုင်ပါရန်အကြောင်းကြားအပ်ပါသည်။

(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၇)ခုစာရင်း
စဉ် ကုမ္ပဏီအမည် မန်နေဂျင်းဒါရိုက်တာအမည်/ဒါရိုက်တာအမည် ပသကအမှတ် မှတ်ချက်
1 Fine Ply Myanmar Private Ltd.  Mr.Ashok Garg  32835  
2 Golden Lace Co., Ltd.  U Thaung Win 16551  
3 Green Land Agriculture Co-Operative Society Ltd.  U Soe Yin  25250  
4 Kyaw San Co., Ltd. U Kyaw Oo 17343  
5 Myanmar Rice Trading Co., Ltd.  U Thant Zin   14014  
6 Shwe Mya Thar Trading Co., Ltd.  U Sai Win Hlaing  16348  
7 Than Let Hnin Hlaing Hein Co., Ltd. U Thura Hein  43124  
Undefined
Latest News: 
Latest New တင္ရန္

Pages
