ရွှေဘိုခရိုင်အတွင်း စပါး၊ ဆန် ဈေးနှုန်းများနှင့် စီးထွက်မှု အခြေအနေ

Thu, 09/15/2022 - 07:39 -- admin_ygn

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာ ‌ပထမပတ်တွင် စပါး ၊ ဆန် ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများ သို့ ဆန်စီးထွက်မှုမှာ သြဂုတ်လနောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၆၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၈၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀ဝ၀၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ အိတ်ရေ ၉၀ဝ၀၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်း အိတ်ရေ ၁၃၅၀ဝ၀၊ တန်အားဖြင့် ၆၇၅၀တန်  စီးထွက်ခဲ့သည်။ ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀ဝ၀ဝ၊ မန္တလေးသို့ အိတ်ရေ ၅၂၀ဝ၀၊ နေပြည် တော်သို့ အိတ်ရေ ၁၂၀ဝ၀ ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)သို့ အိတ်ရေ ၉၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်း အိတ်ရေ ၁၂၄၀ဝ၀၊ တန်အားဖြင့် ၆၂၀ဝ တန် စီးထွက်ခဲ့သည့်အတွက် ယခင်တစ် ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း အိတ်ရေ ၁၁၀ဝ၀၊ တန်အားဖြင့် ၅၅၀ တန် လျော့ကျစီးထွက်ခဲ့သည်။
ရွှေဘိုမြို့၏ စက်တင်ဘာလပထမဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ်၂၃၀ဝ၀ဝ၀၊ ရွှေဘို ပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ဧရာမင်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၄၀ဝ၀ဝ၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါးရွှေဝါထွန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁၀ဝ၀ဝ၀၊ ‌ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရှိရသည်။                                                               အေးသိင်္ဂီစိုး(ရွှေဘို)

Local Trade News

Pages