ရွှေတောင်မြို့ရှိ သီဟိုဠ်စေ့ ဈေးနှုန်းဈေးကွက်

Fri, 05/27/2022 - 07:03 -- admin_ygn

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ်တွင် သီဟိုဠ်စိုက်ဧက ၃၀ဝ ကျော်စိုက်ပျိုးနိုင်ခဲ့သည်။ သီဟိုဠ်တစ်ဧကလျှင် အပင် ၆၀အထိစိုက်ပျိုးနိုင်ပြီး အထွက်မှာပိဿာ၃၀ခန့်ထွက်ရှိကြောင်းသိရသည်။ယခင်နှစ်တွင် သီဟိုဠ်အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ ၆၀ခန့် ထွက်ရှိသဖြင့် ယခင်နှစ်ထက် ထက်ဝက်ခန့်အထွက်နှုန်းကျဆင်းကြောင်းသိရသည်။ထိုသို့အထွက်နှုန်းကျဆင်းရခြင်းမှာသီဟိုဠ်ပင်အပွင့်ပွင့်ချိန်၌မိုးများစွာရွာသွန်းခြင်းကြောင့်ဖြစ်သည်။ယခုနှစ်တွင်သီဟိုဠ်စေ့အထွက်နှုန်းကျဆင်းသော်လည်းရန်ကုန်မှအဝယ်ရှိသဖြင့် ယခင်နှစ်ထက်ဈေးမြင့်လာသည်။သီဟိုဠ်စေ့ဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင်တစ်ပိဿာလျှင်ကျပ်၁၀ဝ၀-၁၅၀ဝဖြင့်ဈေးဖြစ်ခဲ့ပြီး ယခုနှစ်တွင်တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀-၃၃၀ဝထိဈေးမြင့်တက်လာခဲ့သည်။သီဟိုဠ်စေ့ကိုရန်ကုန်မြို့နှင့်ဒေသတွင်းဈေးများတွင်ရောင်းချသည်။သီဟိုဠ်စေ့အားခူးဆွတ်ပြီး နေလှမ်း၍ ရောင်း ချသလို အချို့မှာ အဆန်များထုတ်ယူပြီး လှော်၍ ရောင်းချ သည်များလည်းရှိသည်။              

အောင်နိုင်ဦး (ရွှေတောင်)

 

Local Trade News

Pages