ရွှေဈေးနှုန်း ပြန်လည် ကျဆင်းနိုင်

Fri, 06/11/2021 - 04:58 -- admin_ygn

ရွှေဈေးမှာ ပြည်တွင်း၌ လက်ရှိ ဖြစ်ပေါ်နေသော    အခက်အခဲများ ကြောင့်     မြင့်တက်နေခြင်းဖြစ်ပြီး  မကြာမီ ကာလအတွင်း     ပြန်လည် ကျဆင်းနိုင်ကြောင်း     ရန်ကုန်တိုင်း ဒေသကြီး  ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ)ဥက္ကဋ္ဌ  ဦးမျိုးမြင့်ကပြောသည်။“ပြည်တွင်းရွှေဈေးကတော့ ပြန် ကျမှာပါ။ အခု  လောလောဆယ်က တော့ ကမ္ဘာ့ရွှေဈေးကလည်း တက် တယ်။ ပြည်တွင်း ဒေါ်လာဈေးကလည်း တက်တယ်။ လမ်းပန်းဆက်သွယ်ရေးမှာ လည်း  ဂိတ်တွေမှာလည်း ဂိတ်တွေက ရှာဖွေရေးဂိတ်တွေ    များတဲ့အခါကျ တော့ နယ်ကနေပြီးတော့ ရွှေကုန်ကြမ်း တွေက   လာပို့တဲ့သူတွေက မလာရဲကြ ဘူး။ နောက်ဘဏ်တွေကလည်း နယ်ကို ငွေပြန်လွှဲလို့ မရဘူးပေါ့။   နောက် ရွှေ သန့်စင်တဲ့လုပ်ငန်းတွေကလည်း အက် ဆစ် ကုန်ကြမ်းပြတ်နေတယ်။ ဒါတွေက ခဏတဖြုတ် ဖြစ်တာပါ။    နောက်ပြီး အကုန် ပြန်ကောင်းသွားမှာပါ”ဟု ၎င်း က ပြောသည်။ွ့နဗ အနေဖြင့် ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက်   အရောင်း အဝယ်များကို ပိတ်ထားပြီး အသင်း၌ ရွှေထိငွေထိသာ     အရောင်းအဝယ် ပြုလုပ်လျက်ရှိကာ လက်ရှိတွင်  ဈေး ကစားသူများကို   ရောင်းချခြင်း  လုံးဝ မပြုလုပ်ရန်နှင့် ဆိုင်သမားများကိုလည်း အနည်းငယ်သာရောင်းချပေးရန် ထပ်မံ ဆုံးဖြတ်ထားကြောင်း  ၎င်းက  ပြော သည်။ရန်ကုန်ရွှေဈေးကွက်တွင်ဝယ်လို အားထက် ရောင်းလိုအား ပိုမိုမြင့်တက် လျက်ရှိပြီး ဇွန် ၃ ရက် ရွှေဈေးနှုန်းမှာ ကျပ် ၁၅၇၅၀ဝ၀ ရှိကာ ကမ္ဘာ့ရွှေဈေး မှာမူ တစ်အောင်စလျှင် ၁၈၉၂ဒေါ်လာ ရှိကြောင်း သိရသည်။

 

 

 

Local Trade News

Pages