ရွာငံဒေသ မက္ကဒေးမီးယားစိုက်ပျိုးမှုနှင့် ‌ဈေးနှုန်းဈေးကွက်

Tue, 11/15/2022 - 05:34 -- comsumer

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံဒေသတွင် မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် တစ်နိုင် တစ်ပိုင် စိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ကြပြီး တစ်မြို့နယ်လုံးတွင် စိုက်ပျိုးပင်ရေ(၁)သိန်းကျော် ရှိကြောင်း သိရသည်။ နှစ်စဉ် ဧပြီလတွင် တစ်ကြိမ်ခူးဆွတ်ရပြီး ဒုတိယအကြိမ်  အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ရင့်မှည့်အသီးများ ထပ်မံရရှိသည်။ ရင့်မှည့်အသီးများမှာ အခွံမာသီးများဖြစ်၍ (Heat house) ခေါ် အပူလှန်း အိမ်တွင်းဖြန့်ခင်းအခြောက်ခံစနစ်ဖြင့် အခြောက်ခံ ရသည်။ အခွံမာသီးများအား လုံးစင်ခွဲကိရိယာဖြင့် ခွဲထုတ်ရာမှ အစေ့အဆံအဖြူလေးများ ရရှိပြီး တိုက်ရိုက်စားသုံးနိုင်သော သီးနှံများ ဖြစ်သည်။

     ဈေးနှုန်းဈေးကွက်အနေဖြင့် အစေ့အဆံ တစ်ကီလိုလျှင် (၂၈၀၀၀)ကျပ်ရှိပြီး ပြည်တွင်း၌ ဒေသ ပေါင်းစုံသို့ တင်ပို့ရောင်းချသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကုန်သည်များမှာ ဒေသအရောက် ကွင်းဆင်းဝယ်ယူလျက်ရှိပြီး ပြည်ပကြိုက် စားသုံးသီးနှံဖြစ်ကြောင်း သိရသည်။

DOCA (ရှမ်း)

Local Trade News

Pages