ရောင်းဝယ်မှု အားကောင်းနေသော စတော်ဘယ်ရီစျေးကွက်

Wed, 03/29/2023 - 03:34 -- comsumer

         မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ ဒေသထွက်ကုန်တစ်ခုဖြစ်သော စတော်ဘယ်ရီသီးနှံ သည် ဇန်နဝါရီလလယ်မှစတင်၍ ထွက်ပေါ်ခဲ့ရာ လက်ရှိတွင် လှိုင်လှိုင်ထွက်ပေါ်နေပြီး ရောင်းအား အကောင်းဆုံးဖြင့် အကျိုးအမြတ်ရရှိနေကြောင်းယခင်နှစ်၌ စတော်ဘယ်ရီသီးနှံ (၂၀၀)ဧက စိုက်ပျိုး ခဲ့ပြီး ယခုနှစ်တွင် (၂၃၁)ဧကဖြင့် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် သွင်းအားစုနှင့် အလုပ်သမားစရိတ်များလည်း နှစ်ဆကျော်ကုန်ကျသော်လည်း တောင်သူအများစုမှာ မိရိုးဖလာ အစဉ်အဆက် ဆက်လက်စိုက်ပျိုးနေကြောင်း ကုန်ကျစရိတ်အနေဖြင့် ယခုနှစ်တွင် စတော်ဘယ်ရီ (၁)ဧကလျှင် ကျပ်(၂၅-၃၀)သိန်းခန့်ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၁၅-၂၀)သိန်း ရရှိပြီး စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇)လကျော်ကြာမြင့်ကြောင်း သိရသည်။ စျေးနှုန်းအနေဖြင့် စတော်ဘယ်ရီသီး စတင်ထွက်ပေါ်ချိန်တွင် စတော်ဘယ်ရီချိုမွှေးသီး(၁) ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ စတော်ဘယ်ရီ ရိုးရိုးအကျွတ်သီး (၁)ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ စတော်ဘယ်ရီ ဖျော်ရည်သီး (ဒေသမျိုး) (၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုလှိုင်လှိုင်ပေါ်ချိန်တွင် စတော်ဘယ်ရီ ချိုမွှေးသီး(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စတော်ဘယ်ရီ ရိုးရိုးအကျွတ်သီး (၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ စတော်ဘယ်ရီဖျော်ရည်သီး(ဒေသမျိုး)(၁)ပိဿာလျှင်(၆၅၀၀) ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ဈေးကွက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages