ရေတာရှည်မြို့မှ အောင်မြင်လျက်ရှိသော ဒေါ်စိန်ဝက်အူချောင်း

Thu, 02/23/2023 - 04:27 -- comsumer

         တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ ဒေါ်စိန် ဝက်အူချောင်း လုပ်ငန်းသည် အောင်မြင်လျက်ရှိသည့် အသေးစားအိမ်တွင်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဝက်အူချောင်းပြုလုပ်ရာတွင် လိုအပ်သောပစ္စည်းများမှာ ဆိတ်အူ၊ ဝက်သား၊ အချိုမှုန့်၊ သကြား၊ ဆား နှင့်ယမ်းစိမ်းတို့ဖြစ်ပြီး ဆိတ်အူကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရ၍ ဝက်သားနှင့်အခြားပါဝင်ပစ္စည်း များကို ရေတာရှည်မြို့မှ ဝယ်ယူကြောင်း သိရသည်။

      ဝက်အူချောင်းထုတ်လုပ်ရာတွင် ဝက်သားပိဿာချိန် (၂၀) ပိဿာကို အရိုးများဖယ်ထုတ်၍ ဓားဖြင့် နုတ်နုတ်စင်းပြီး အသားကြိတ်စက်ဖြင့် ထပ်မံကြိတ်ရပါကြောင်း၊ ထို့နောက် ကြိတ်ထားသော ဝက်သားများထဲသို့ အချိုမှုန့်၊ ဆား၊ သကြား၊ ယမ်းစိမ်းများကို အချိုးကျထည့်နယ်ပြီး ဆားရည်စိမ် ထားသော ဆိတ်အူထဲသို့ အသားညှစ်စက်ဖြင့် သွပ်သွင်းကာ မီးလင်းဖိုထဲတွင် အခြောက်ခံအပူပေး ခြင်းအားဖြင့် ဝက်အူချောင်းများ ရရှိပါကြောင်း သိရသည်။

        ဝက်အူချောင်း တစ်ကြိမ်ထုတ်လုပ်လျှင် ၉ ပိဿာရပြီး တစ်လလျှင် ၆ ကြိမ်ထုတ်လုပ်ရပါ ကြောင်း သိရှိရပါသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဝက်သား(၂၀)ပိဿာ (၂၀၀၀၀၀)ကျပ်၊ အချိုမှုန့်ကြီး၊ သကြား၊ ယမ်းစိမ်း၊ ဆား၊ ဆိတ်အူ၊ စက္ကူ/ပလပ်စတစ်အိတ်နှင့် လုပ်သားခ စုစုပေါင်း (၂၅၅၈၀၀)ကျပ် ကုန်ကျကြောင်းသိရသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ထုတ်လုပ်ရရှိသော ဝက်အူချောင်း များကို ၁၀ ကျပ်သားထုပ်နှင့် ၂၅ ကျပ်သားထုပ်ဟူ၍ နှစ်မျိုးနှစ်စားထုပ်ပိုးပြီး ၁၀ ကျပ်သား တစ်ထုပ် လျှင် ၄၀၀၀ ကျပ်ဖြင့် လည်းကောင်း၊ ၂၅ ကျပ်သား တစ်ထုပ်လျှင် ၁၀၀၀၀ ကျပ်ဖြင့်လည်းကောင်း ရေတာရှည်မြို့နယ်နှင့်တောင်ငူမြို့များတွင် လက်လီဈေးနှုန်းဖြင့် ဖြန့်ဖြူးလျက်ရှိပြီး အော်ဒါမှာယူမှု များကိုလည်း လက်ခံဆောင်ရွက်ပေးကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages