မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် အတွင်းရှိ ချင်းတွင်းမြစ် အနောက် ဘက်ကမ်း ကျေးရွာများဖြစ်သော ညောင်တော၊ ရှစ်အိမ်တန်း၊ ကျွန်းဘိုပင်၊ ဇီးကျွန်း၊ ကူတုတ်နှင့် အောင်ချမ်းသာကျေးရွာများတွင် မြစ်ရေကျချိန်၌ ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲနှင့် အခြားပဲမျိုးစုံသီးနှံများကို စိုက်ပျိုးကြသည့်အနက် ထောပတ်ပဲကို အများ အပြား စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထောပတ်ပဲကို အောက်တိုဘာလနှင့်နိုဝင်ဘာလ များတွင် စတင်စိုက်ပျိုးကြပြီး မတ်လကုန်ခန့်တွင် ရိတ်သိမ်းရကြောင်း၊ ထောပတ်ပဲသီးနှံတစ်ဧက စိုက်ပျိုးကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများအတွက် ကျပ် ၁,၀၀၀,၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ထောပတ်ပဲစိုက်ခင်းများမှာ အသီးအပွင့်များ ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပိုးမွှားအန္တရာယ်ကျရောက်မှု၊ ရာသီဥတုဖောက်ပြန်မှု မရှိပါ က အထွက်နှုန်း ကောင်းမွန်နိုင်ကြောင်း၊ ယခင်ဈေးနှုန်းအနေဖြင့် ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၈၀,၀၀၀-၉၀,၀၀၀ ခန့်ရှိရာ ယခင်ဈေးနှုန်းအတိုင်း ရရှိမည်ဆိုပါက အကျိုးအမြတ်ပိုမိုရရှိနိုင်သည့် အတွက် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း တောင်သူ တစ်ဦးထံမှ သိရသည်။
DOCA (မကွေး)