ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၀ဝ၀ဝ ကျော်တင်ပို့

Thu, 07/30/2020 - 08:18 -- admin_ygn

 

ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း  နယ်စပ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၀၃ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၆၀ ခန့်  တင်ပို့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၉၃၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၃၀ ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့ မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၇၀ဝ၀ ကျော်  လျော့နည်းတင်ပို့ခဲ့ ကြောင်း သိရသည်။
ယခုတစ်ပတ် ဆန်ကွဲတင်ပို့မှုမှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၃၄၆၀ ခန့်၊ မြဝတီကုန် သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၁၈၁၀ ခန့်နှင့် ချင်းရွှေဟော်  ကုန်သွယ်ရေးစခန်းမှ   ဆန်ကွဲတန်ချိန် ၁၄ တန်သာတင်ပို့နိုင် သဖြင့် စုစုပေါင်းတန်ချိန် ၅၂၉၀ ခန့်သာတင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၅၈၀ဝ ခန့် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ပင်လယ် ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၅၈ သန်းတန်ဖိုး ရှိ ဆန်တန်ချိန် ၁၃၀ဝ၀ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုများ အနေဖြင့် အီးယူနိုင်ငံများသို့   ဆန်တန်ချိန် ၄၂၄၀ ခန့်၊ အာရှ နိုင်ငံများသို့ ဆန်တန်ချိန် ၅၄၇၀ နီးပါးနှင့် အာဖရိကနိုင်ငံ များသို့ ဆန်တန်ချိန် ၃၃၅၀ ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၈၀ဝ ခန့်လျော့နည်းတင် ပို့ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ်    ပင်လယ်ရေကြောင်းမှ ဆန်ကွဲတန်ချိန် ၁၂၅၀ဝ ခန့်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၇ သန်းရှိကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် အီးယူ နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၇၃၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၅၁၇၀ ခန့်နှင့် တောင်အာဖရိကနိုင်ငံသို့ ဆန် ကွဲတန်ချိန် ၂၆ တန်သာ  တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၇၅၀ဝ ကျော် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုစုစုပေါင်းတန်ချိန် ၃၂၀ဝ၀ ခန့်သာ တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၂၀ဝ၀ဝ ခန့် လျော့နည်း တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။
အေးအေးသန့်

Local Trade News

Pages