မွန်ပြည်နယ်၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံ၊ ရေး စသည့်မြို့နယ်များတွင် နာနတ်သီးပင် များကို အများဆုံးစိုက်ပျိုးကြပြီး နာနတ်သီးပင်များ စိုက်ပျိုးရာတွင် ရော်ဘာပင်တန်းများကြားတွင် သီးညှပ်စိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် နာနတ်သီးမှည့်များ ထွက်ပေါ်လျက်ရှိပြီး နာနတ်သီး ဈေးနှုန်းများအနေဖြင့် အရွယ်အစားအပေါ်မူတည်၍ ရောင်းချလျက်ရှိကာ ပွဲစားများမှ နာနတ်သီးခြံ များသို့ လာရောက်ဝယ်ယူ၍ ဒေသတွင်းဈေးကွက်နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်းနှင့် ယခုနှစ်မိုးဦးကာလတွင် မွန်ပြည်နယ်ထွက် နာနတ်သီးများ ဈေးကွက်အတွင်း အရောင်း အဝယ်သွက်လျက်ရှိကြောင်း သစ်သီးဝလံရောင်းချသူများထံမှ သိရှိရသည်။
DOCA (မွန်)