မြန်မာ့ရွေစျေး အတက်ဘက်သို့ ဦးတည်နေ

Thu, 07/23/2020 - 09:32 -- admin_ygn

 

လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း မြန်မာ့ရွှေဈေးမှာ   အတက်ဘက်သို့ ဦးတည်နေကြောင်း ရွှေဈေးကွက်အတွင်းမှ  သိရသည်။
ဇူလိုင် ၁၆ ရက်ညနေပိုင်း အပိတ်ဈေးအရ အခေါက်ရွှေဈေးမှာ တစ်ကျပ် သားလျှင် ကျပ် ၁၂၄၄၀ဝ၀ ရှိနေပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိ ကန်ဒေါ်လာ ၁၈၀၅ ဒေါ်လာရှိကြောင်း သိရသည်။
“ပြည်တွင်း ရွှေဈေးက အခု အလှုပ်ဘက်ကို သွားနေတယ်ပေါ့။ တဖြည်း ဖြည်းနဲ့တော့ အတက်အရှိန်ရနေပါပြီ။ ဒါပေမဲ့   အရောင်းအဝယ်ကတော့ ပုံမှန် အတိုင်းပဲ ရှိနေပါ သေးတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ် ကျပ်သားလျှင် ကျပ် ၁၂၃၅၅၀ဝ ရှိနေပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၈၁၃ ဒေါ်လာဖြစ်သည်။                          
 ပန်းဆု

Local Trade News

Pages