မုံရွာမြို့ရှိ ငရုတ်သီးဈေးကွက်

Wed, 11/23/2022 - 08:20 -- comsumer

          မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့ရှိ ပွဲရုံများမှတစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကား ရောင်းချလျက်ရှိကြောင်းသိရသည်။ မုံရွာမြို့တွင် စိုက်ပျိုးသော ကျောက်စိမ်းငရုတ်သီးဈေးမှာ ယခုလက်ရှိအချိန်တွင် ပွဲရုံလက်ကားဈေးတစ်ပိဿာ လျှင်(၂၀၀၀-၂၂၀၀)ကျပ်နှုန်း၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၂၄၀၀-၂၆၀၀)ကျပ်နှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးပြီး ငရုတ်သီးစိမ်း ဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးတောင်သူများလည်း အကျိုးအမြတ်ဖြစ်ထွန်းကာ အဆင်ပြေနေကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages