မအူပင်မြို့နယ်တွင် ဆန်၊ စပါးဈေး အကျဘက်သို့ ဦးတည်

Fri, 07/17/2020 - 07:58 -- admin_ygn

မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး ယခင်နှစ်က မိုးစပါး ၁၄၁၂၇၈ ဧက စိုက်ပျိုးရိတ်သိမ်းဆောင်ရွက်နိုင်ခဲ့သည်။ ယခုနှစ်တွင် မိုးစပါး ၇၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးရန်  အနည်းငယ်သာလိုကြောင်း စက်ပိုင်များထံမှ သိရှိရသည်။
ယခုအခါ မိုးစပါး သီးထပ်ရင် တင်း ၁၀ဝ လျှင် ကျပ် ၅၈၀ဝ၀ဝ၊ ရက် ၉၀ စပါးတင်း ၁၀ဝ လျှင်ကျပ် ၆၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှ အနိမ့်စတစ်အိတ်လျှင်ကျပ် ၁၉၅၀ဝဖြင့် ဈေးကျနေသည်။ပေါ်ဆန်း စပါးဈေးမှာကျပ် ၉၀ဝ၀ဝ၀ ဝန်းကျင်နှင့် အရောင်းအဝယ်ဖြစ်နေပြီး ပေါ်ဆန်းတစ်အိတ်လျှင်ကျပ် ၃၅၀ဝ၀ ဖြင့်သာ အရောင်း အဝယ်ဖြစ်ကာ ရန်ကုန်ဘုရင့်နောင်တွင် ဈေးကျနေသဖြင့် မအူပင်ဆန်စပါးဈေးကွက်ကိုသာ အားထားနေရကြောင်း ဝင်းသိင်္ဂီ ဆန်စက်၊ စိန်သီဟဆန်စက်၊ ရွှေလဝန်းဆန်စက်၊ စိုးမိသားစုဆန်စက်နှင့်  ကျော်ပဒေသာ ဆန်စက်များမှစက်ပိုင်များ၏ ပြောကြားချက်အရ သိရှိရသည်။                                  

  CONSUMER- MT

 

Local Trade News

Pages