မအူပင်မြို့နယ်တွင် ဆန်၊ စပါးဈေး အကျဘက်သို့ ဦးတည်

Fri, 07/17/2020 - 07:59 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်၊ စပါးဈေးကွက် အရောင်းအဝယ်အေးလျက်ရှိပြီး မြို့နယ်အချို့ တွင် ဧည့်မထ မိုး/နွေ  ဆန်၊ စပါး ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိ ကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ယခင်အပတ်က ပေါ်ဆန်း စပါး ၄၆ ပေါင်၊ တင်း ၁၀ဝ ကို  ကျပ် ၇၈၅၀ဝ၀  ဈေးမှ ယခု ဈေးကျပ် ၇၇၀ဝ၀ဝဖြစ်သွားသည့်အတွက် စပါးတင်း ၁၀ဝကို ကျပ် ၁၅၀ဝ၀ ခန့် ဈေးနှုန်းကျဆင်းလျက်ရှိပြီး ဖျာပုံခရိုင် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ယခင် မိုးဧည့်မထ စပါး  ၄၆ ပေါင် တင်း ၁၀ဝ ကို  ကျပ် ၆၀၇၀ဝ၀/ ၆၅၃၀ဝ၀ ဈေးမှ ယခုဈေး ကျပ် ၅၈၈၀ဝ၀/၆၃၄၀ဝ၀ ဖြစ် သွား၍ စပါးတင်း ၁၀ဝကို ကျပ် ၁၉၀ဝ၀ ဈေးနှုန်းကျဆင်းခဲ့ သည်။ မိုးဆန်တစ်အိတ် ယခင် ကျပ်၂၆၀ဝ၀/ ၂၇၀ဝ၀ မှ ယခု ကျပ်၂၅၀ဝ၀/၂၆၀ဝ၀ ဖြစ်သွား၍ ဆန် တစ်အိတ်ကို ကျပ် ၁၀ဝ၀ ဈေးနှုန်းကျဆင်းခဲ့သည်။
အဆိုပါ   မြို့နယ်များတွင် ယခင် ဧည့်မထနွေစပါး ၄၆ ပေါင်တင်း  ၁၀ဝ ကို ကျပ် ၆၁၆၀ဝ၀/ ၆၂၅၀ဝ၀ ဈေးမှ ယခု ဈေး ကျပ် ၅၉၈၀ဝ၀/ ၆၀၇၀ဝ၀ဈေးနှုန်းကျဆင်းပြီး စပါး တင်း၁၀ဝ ကို ကျပ်၁၈၀ဝ၀ နှင့် ဆန်တစ်အိတ်ကို ကျပ်၂၄၅၀ဝ မှ ကျပ် ၂၄၀ဝ၀ ဖြစ်သွား၍   ဆန်တစ်အိတ်ကို ကျပ် ၅၀ဝ ဈေးနှုန်းကျဆင်းပြီး အခြား မြို့နယ်များတွင်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်းမှုရှိကြောင်း တိုင်းဆန်စပါးသတင်းများ အရ သိရသည်။
မင်းမင်းဦး(ပုသိမ်)

Local Trade News

Pages