မန္တလေး မြေပဲဆန်ဈေး အနည်းငယ် ကျဆင်းလာ

Fri, 07/17/2020 - 08:49 -- admin_ygn

ယခုတစ်ပတ် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာမြေပဲဆန်မှာ လှောင်လက်သမားများနှင့်ဆီစက်သမား များသာအဝယ်ရှိနေခြင်းနှင့် တရုတ်ဈေးကွက်ဈေးအေးနေပြီး အရည် အသွေးနှင့်ဝယ်လိုအားပေါ်မူတည်၍ ဈေးအနိမ့်၊ အမြင့်ရှိကြောင်း သိရသည်။
မန္တလေးကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော မြေပဲလုံးဆန်ဖြူ တစ် ပိဿာ ဈေးနှုန်းများမှာ ယခုတစ်ပတ်  ကျပ် ၃၀ဝ၀ မှ ၃၁၀ဝ၊ ယခင်တစ်ပတ် ကျပ် ၃၀ဝ၀ မှ ၃၃၂၅၊ ယခင်လ ကျပ် ၃၀ဝ၀ မှ ၃၂၀ဝ၊ယခင်နှစ် ၃၄၀ဝမှ ၃၆၀ဝကျပ်ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်မြေပဲလုံးဆန်ဖြူ တစ်ပိဿာ လျှင် ၇၅ ကျပ်၊ ယခင်လထက် ကျပ် ၅၀၊ ယခင်နှစ်ထက် ကျပ် ၃၀ဝ မှ ၃၅၀  အထိ နိမ့်ကျလာသည်။
မြေပဲလုံးဆန်နီ တစ်ပိဿာ ဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၃၀ဝ၀ မှ ကျပ်၃၁၀ဝ ၊ ယခင်တစ်ပတ် ကျပ် ၃၀ဝ၀ မှ ၃၃၅၀၊ ယခင်လကျပ် ၃၁၅၀ မှ ၃၃၅၀၊ ယခင်နှစ် ကျပ် ၃၅၀ဝ မှ ၃၈၀ဝ ဖြစ်ခဲ့သည်။ယခင်တစ်ပတ် ထက်မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ကျပ် ၅၀၊ယခင်လထက် ကျပ် ၅၀၊ ယခင်နှစ်ထက် ကျပ် ၄၀ဝ မှ ၅၀ဝ နိမ့်ကျလာသည်။
မြေပဲလုံးဆန်နီ(ရှမ်း)တစ်ပိဿာ ဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၂၇၀ဝ မှ ၂၈၀ဝ၊ယခင်တစ်ပတ် ကျပ်၂၈၀ဝ၊ ယခင်လ ကျပ်၂၈၀ဝမှ၂၈၅၀၊ ယခင်နှစ် ကျပ်  ၂၈၀ဝ   ဖြစ်ခဲ့သည်။   ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးငြိမ်နေပြီး ယခင်လထက်ကျပ် ၅၀ နိမ့်ကျလာ၍ ယခင်နှစ်နှင့်နှိုင်းယှဉ် လျှင်ဈေးငြိမ်နေသည်။          
 မြင့်မြင့်လှိုင်(ရတနာပုံကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages