မတ်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သိန်းကျော်တင်ပို့

Thu, 04/28/2022 - 09:34 -- admin_ygn

၂၀၂၂ ခုနှစ်မတ်လတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၉၀၇ သန်း  တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၆၅၀ဝ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၃၅၄၀ ခန့်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၆၅၄၆၀ ခန့်၊ အာဖရိက နိုင်ငံများသို့ ဆန်တန်ချိန် ၂၇၅၇၀ ခန့်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံသို့ ဆန် သုံးတန်နီးပါး တင်ပို့ခဲ့သည်။မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုအများဆုံး နိုင်ငံများမှာ ကင်မရွန်း နိုင်ငံသို့  တန်ချိန် ၂၅၀ဝ၀ ခန့်၊ နယူးဂီနီနိုင်ငံသို့ တန်ချိန် ၂၅၇၀ ကျော်၊ အာရှနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တန် ချိန် ၁၀၃၈၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့  တန်ချိန် ၁၀၅၅၀ ခန့်နှင့် ပါကစ္စတန်နိုင်ငံသို့ တန်ချိန် ၂၂၃၀ ခန့်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၅၀ ခန့်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘူလ်ဂေးရီးယား သို့တန်ချိန် ၁၄၉၀ဝ ခန့်၊ စပိန်နိုင်ငံသို့ တန်ချိန် ၁၂၀၂၀ ခန့်၊ အီတလီ နိုင်ငံသို့ တန်ချိန် ၁၇၃၆၀ ခန့်၊ နယ်သာလန်နိုင်ငံသို့ တန်ချိန် ၃၂၅၀ ခန့် ၊ ပိုလန်နိုင်ငံသို့  တန်ချိန် ၁၁၅၀ဝ ခန့်၊ ဘယ်လ်ဂျီယံနိုင်ငံသို့  တန် ချိန် ၅၀ဝ၀ ခန့် ၊ ဂျာမနီနိုင်ငံသို့  တန်ချိန် ၈၀ဝ ကျော်၊ ရိုမေးနီးယားနိုင်ငံ သို့  တန်ချိန် ၁၀ဝ ကျော်နှင့် ခရိုအေးရှားနိုင်ငံသို့ တန်ချိန် ၅၀ဝ ခန့် တင်ပို့ခဲ့သည်။၂၀၂၂ခုနှစ် မတ်လတွင် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းမှ ဆန်တန်ချိန်  ၆၂၄၀ ကျော် တန်ဖိုး အမေရိကန်ဒေါ်လာ၂ ဒသမ ဝ၁၇ သန်းဖိုး တင်ပို့ခဲ့ကြောင်းသိရသည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မတ်လအတွင်း စုစုပေါင်းတန်ချိန် ၁၂၂၈၀ဝ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။၂၀၂၂ ခုနှစ် မတ်လတွင် ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၈၁၇၈၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ဝ၅၈ သန်းခန့် ရရှိခဲ့ကြောင်း သိရသည်။ဆန်ကွဲတင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တန် ချိန် ၁၈၆၁၀ ခန့်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ တန်ချိန် ၃၃၇၀ဝ ခန့်၊ စပိန် နိုင်ငံသို့ တန်ချိန် ၁၂၀ဝ၀ ခန်၊ နယ်သာလန်နိုင်ငံသို့ တန်ချိန် ၈၇၀ဝ ခန့်၊ ပိုလန်နိုင်ငံသို့တန်ချိန် ၃၀ဝ၀ ခန့်၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၅၀ဝ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၅၀ ခန့်၊ ပြင်သစ်နိုင်ငံသို့ တန်ချိန် ၅၂၀ဝ ခန့် တင်ပို့ကြောင်းသိရသည်။မြန်မာ-ထိုင်းနယ်စပ် ရှိ  ကုန်သွယ်ရေးစခန်းများမှ ဆန်ကွဲ တင်ပို့မှု တန်ချိန် ၁၂၉၀ ခန့်၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်ကွဲတန်ချိန် ၁၂၀ ကျော်တင်ပို့ခဲ့ပြီး တန်ဖိုးအမေရိကန် ဒေါ်လာ သုည ဒသမ ၄၃၂ သန်း ရရှိခဲ့သည်။ စုစုပေါင်း ဆန်ကွဲ တင်ပို့မှုတန်ချိန် ၈၃၁၉၀ ခန့် တင်ပို့နိုင်ကြောင်း သိရသည်။ပင်လယ်ရေကြောင်း နှင့်  နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မတ်လ အတွင်း ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတင်ပို့မှုတန်ချိန် ၂၀၅၉၀ဝ ကျော်နှင့် တန်ဖိုးအမေရိကန် ဒေါ်လာ ၆၈ ဒသမ ၄၁၄ သန်းခန့် ရရှိကြောင်း သိရသည်။

အေးအေးသန့် (DOT)

 

Local Trade News

Pages