ဖြူးမြို့မှ ပါရမီ ထင်းအစားထိုးလောင်စာတောင့်လုပ်ငန်း

Thu, 04/20/2023 - 07:14 -- comsumer

    ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်၊ ထန်းကုန်းလမ်းတွင် လုပ်ကိုင်လျက် ရှိသော ထင်းအစားထိုးလောင်စာတောင့်လုပ်ငန်းသည် ၎င်းတို့ မိသားစုပိုင် ပါရမီဆန်စက်မှ ထွက်ရှိ လာသော စပါးခွံများဖြင့် လောင်စာတောင့်များ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ လောင်စာတောင့် ထုတ်လုပ်ရာတွင် စပါးခွံတစ်ဆနှင့် လွှစာမှုန့် တစ်ဆခွဲကိုရော၍ လောင်စာတောင့်ထုတ်သည့် စက်ထဲသို့ ထည့်ရကြောင်း၊ ထွက်ရှိလာသော လောင်စာတောင့်များကို မီးသွေးဖိုထဲသို့ ထည့်သွင်းပြီး မီးသွေးဖြစ်အောင် ပြုလုပ်ရကြောင်း သိရသည်။

        ထင်းအစားထိုးလောင်စာတောင့် ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် စပါးခွံ လောင်စာတောင့် ပိဿာ ၆၀၀ ထုတ်လုပ်နိုင်ပါကြောင်း၊ ကုန်ကြမ်းအနေဖြင့် စပါးခွံ ပိဿာ ၆၀၀ နှင့် လွှစာမှုန့် ပိဿာ ၉၀၀ အသုံးပြုရပြီး လွှစာမှုန့် ၁၀ ပိဿာ တစ်အိတ်လျှင် ၁၂၅၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စပါးခွံ တစ်ပိဿာလျှင် ၃၀၀ ကျပ်ဖြင့် ဝယ်ယူရပါကြောင်း၊  လုပ်သား ၆ ဦးဖြင့် လုပ်ကိုင်ရပြီး လုပ်သား တစ်ဦးအတွက် တစ်နေ့လုပ်ခမှာ ၉၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

        ဈေးကွက်အနေဖြင့် ထွက်ရှိလာသော လောင်စာတောင့်များကို ၆ ပိဿာပါ စက္ကူပုံးဖြင့် ထုပ်ပိုး ပြီး တစ်ပုံးလျှင် ၈၅၀၀ ကျပ်နှုန်းဖြင့် ဖြူးမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages