ပြည်မြို့နယ်ရှိ မုန်လာဥဖြူဈေး အနည်းငယ်ကျလာ

Wed, 02/02/2022 - 08:58 -- admin_ygn

ပြည်မြို့နယ်တွင် မုန်လာဥဖြူဈေးကွက်မှာ ဈေးအနည်း ငယ် ကျဆင်းလာသည်။ မှော်ဇာကျေးရွာအုပ်စုတွင် ဟင်းသီး ဟင်းရွက်များကို  တစ်နှစ်ပတ်လုံး အလှည့်ကျစိုက်ပျိုးကြ၍ ဆောင်းသီးနှံစိုက်ဧက ၄၀ဝ ကျော်ရှိပြီး ဒေသတွင်းစားသုံး၍ ပိုလျှံသောသီးနှံများကို  ရန်ကုန်မြို့ရှိ  တညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ နေ့စဉ်တင်ပို့ရောင်းချသည်။မုန်လာဥဈေးမှာ အကြီးငါးလုံးပါတစ်တွဲလျှင် ၁၅၀ ကျပ်ဖြစ်ပြီး အလတ်နှင့် အသေး  ငါးလုံးပါ တစ်တွဲလျှင် ၅၀ ကျပ်၊ မုန်လာဥကြီး ငါးလုံးတွဲ အစည်း ၂၀ပါ အထုတ်ကြီး ၆၀ နှင့် မုန်လာဥ အလတ်နှင့်အသေး  ငါးလုံးတွဲ အစည်း ၂၀ပါဝင် သည့် အထုပ်ကြီး ၄၀ အား နေ့စဉ် တင်ပို့ရောင်းချလျက်ရှိသည်။ကုန်တင်ခမှာ တစ်ထုပ်လျှင် ကျပ်  ၅၀ဝ ဖြစ်ကြောင်း သိရသည်။ ဈေးကွက်တွင်းရှိ လက်လီဈေးမှာ မုန်လာဥ အကြီး တစ်တွဲလျှင် ၂၅၀၊ ၃၀ဝကျပ်၊ အလတ်နှင့် အသေးဈေးနှုန်းမှာ ၁၀ဝ၊ ၅၀ ကျပ်ဈေးတို့ဖြစ်ကြောင်း သိရှိရသည်။
အေးမြတ်သီတာ (ပြည်)

Local Trade News

Pages