ပြည်တွင်း ရွှေဈေးကွက်အလားအလာ

Tue, 11/15/2022 - 05:24 -- comsumer

            ယခုအချိန်တွင် ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ လိုက်ပါ မြင့်တက်ခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေသည်ကို တွေ့ရသည်။

          ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၆၅ ဖြစ်၍ ယခင်အပတ် ရွှေဈေးနှုန်းထက် ၉၂ ဒေါ်လာပိုမိုခဲ့သည်။ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာလည်း ယခုအပတ် ငွေကျပ် ၂၀၇၉၀၀ဝိ/-  ဖြစ်ပြီး ယခင်အပတ်ထက် ငွေကျပ် ၁၀၈၀၀ဝိ/-  ပိုမိုသတ်မှတ်ခဲ့သော်လည်း ဈေးကွက်ပေါက်ဈေးနှုန်းမှာ ရည်ညွှန်းဈေးနှုန်းထက် ငွေကျပ် လေးသိန်းခွဲခန့်ပိုမိုနေကာ လက်ရှိဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၅၃၀၀၀ဝိ/- ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းတွေ့ရသည်။ ပြည်တွင်းဈေးကွက်တွင် ရွှေစုဆောင်းလိုမှု လျော့ကျလာပြီး ဝယ်လိုအားထက် ရောင်းလိုအားပိုမိုနေပြီး ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ ယခင်အပတ် ဈေးကွက်ပေါက်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA ( ရန်ကုန်)

Source – YGEA

Local Trade News

Pages