ပြည်ချင်းနှင့် မန်ကျည်းမှည့် ဈေးကွက်

Tue, 08/30/2022 - 12:23 -- admin_ygn

ယခုတစ်ပတ် ပြည်ချင်းဈေးကွက်သို့ အောင်ပန်းချင်းများ တစ်ရက်လျှင် ၁၅ ပိဿာဝင် အိတ် ၂၀ဝ ခန့် အဝင်ရှိသည်။ အရောင်းအဝယ် အနည်းငယ်အေးနေပြီး ဓားလှီးချင်းဖတ်သမားများနှင့် လက်လီသမားတို့သာ အဝယ်ရှိနေသည်။ သြဂုတ်လ စတုတ္ထပတ် ချင်းဈေးများမှာ ချင်းတက်ပွဲရုံဈေး တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ-၁၅၀ဝ နှင့် လက်လီဈေးတစ်ပိဿာလျှင် ကျပ် ၂၂၀ဝ-၂၃၀ဝ တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်ထက်စာလျှင် တစ်ပိဿာလျှင် ကျပ် ၂၀ဝ ဈေးမြင့်လာသည်။
မန်ကျည်းမှည့် ပွဲရုံများတွင် ကျောက်ပန်းတောင်း၊ ပျော်ဘွယ် စသည့် အညာ ဒေသထွက် မန်ကျည်းမှည့်များ ဝင်ရောက်မှု အနည်းငယ်ရှိနေသည်။ မန်ကျည်းမှည့် ဈေးများမှာ ပွဲရုံဈေး  တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ-၄၀ဝ၀ ဖြစ်ပြီး ဒေသထွက် မန်ကျည်းမှည့် လက်ကျန် အဟောင်းဈေးမှာ ပွဲရုံဈေး တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ဒေသထွက် မန်ကျည်းမှည့်အား ရန်ကုန်နှင့်ရခိုင်သို့ အပတ်စဉ် ပုံမှန်အဝင်ရှိနေခြင်းကြောင့် နယ်တင်ပို့မှုဖြင့် အရောင်း အဝယ် ဖြစ်နေခဲ့သည်။                                                                                                                                                           ဝင်းဝင်းခိုင် (ပြည်)

Local Trade News

Pages