ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိ

Thu, 03/09/2023 - 07:42 -- comsumer

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဆောင်းပဲတီစိမ်းစိုက်ပျိုးဧကမှာ (၁၉၈၄၃)ဧက စိုက်ပျိုးထားပြီး၊ ရွှေတောင်မြို့နယ်အနေဖြင့် ဆောင်းပဲတီစိမ်း(၈၃၂)ဧကစိုက်ပျိုးပြီး မီးလောင် အုပ်စုတွင် (၃၈)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

      ရွှေတောင်မြို့နယ် မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာရှိ ပဲတီစိမ်းစိုက်တောင်သူတစ်ဦးသည်  ပဲတီစိမ်းဒေသမျိုး(၅)ဧက စိုက်ပျိုးထားပြီး ယခင်နှစ်ကလည်း အလားတူစိုက်ပျိုးထားကြောင်း၊ ပဲတီစိမ်း တစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၂၂၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၂)တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်ပဲတီစိမ်းပေါက်ဈေးမှာ ပိဿာ (၂၀) တစ်တင်းလျှင် (၅၅၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး ယခင်နှစ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၄၅၀၀၀)ကျပ်ဖြစ်ခဲ့၍ ယခုနှစ်ထက် တစ်သောင်းကျပ်ခန့် ဈေးပိုရရှိသဖြင့် တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

(DOCA)ပဲခူး