ပေါက်ခေါင်းမြို့နယ်ရှိ မုန်လာဥနီ ဈေးနှုန်းဈေးကွက်

Mon, 04/24/2023 - 03:36 -- comsumer

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မုန်လာဥနီများ စိုက်ပျိုးထားရှိ ကြောင်း၊ မုန်လာဥနီကို စက်တင်ဘာလတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ထွက်ရှိကြောင်း၊ မုန်လာဥနီအပင်သည် (၂)နှစ်ခံ အပင်မျိုးဖြစ်၍ နှစ်ရာသီအသက်ရှင်နေသော အပင်တစ်မျိုးဖြစ်ပြီး စိုက်ပျိုးရာတွင် မျိုးစေ့ကိုသာစိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် (၄၃၂၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ပိဿာချိန်(၁၀၀၀)ခန့် ထွက်ရှိပြီး ဈေးနှုန်းဈေးကွက်အနေဖြင့် တစ်ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပေါက်ခေါင်းဒေသမှထွက်ရှိသော မုန်လာဥအနီများကို ဒေသတွင်းဈေးများနှင့် ပေါင်းတလည် နှင့် ပြည်မြို့ဈေးများသို့ တင်ပို့ရောင်းချကြောင်းနှင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် (၂၀)သိန်းခန့် ရရှိကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages