ဒူးရင်းသီးနှင့် ဒူးရင်းသီးအစေ့ ဈေးကွက်

Tue, 08/30/2022 - 12:38 -- admin_ygn

အရှေ့တောင်အာရှ တစ်ခွင်တွင်  ဒူးရင်းသီးကို သစ်သီး များရဲ့ဘုရင် (King of Fruits) ဟ ုတင်စားခေါ်ဝေါ်ကြပါ တယ်။ ဒူးရင်း (Durian) ဆိုသည့် အမည်ဟာ မလေးဘာသာ (Duri) မှဆိုသည့် စကားရပ်မှ ဆင်းသက်လာတာဖြစ်ပြီး (Duri) ဆိုတာကတော့ "ဆူး" ဆိုတဲ့အဓိပ္ပာယ်ပါ။ ထားဝယ် ရာဇဝင်သမိုင်း ဖော်ပြချက်မှာတော့ မြတ်စွာဘုရားရှင်အား "ဒူရကနတ်သား" မှ နတ်ပြည်မှပါလာသည့် နတ်သစ်သီးအား ဆပ်ကပ်လှူဒါန်းခဲ့သည့် နတ်သစ်သီးမျိုးစေ့ကို လူတို့စိုက် ပျိုးကြရာမှ ထိုအသီးကို "ဒူရကသီး" ဟု ခေါ်တွင်ခဲ့ရာမှ နောက် ပိုင်းတွင် ]ဒူးရင်းသီး}ဟု အမည်တွင်ခဲ့တယ်လို့ ဖတ်ရှုလေ့ လာဖူးပါတယ်။  
"ဆူးတွေထောင်လို့ ဒေါသကြီး ကိုကိုဒူးရင်းသီး" လို့ ပြောရလောက်အောင် သူ့ရဲ့ ပုံသဏ္ဌာန်ကိုက အခြားသော သစ်သီးများနှင့်မတူဘဲ အခွံပေါ်မှာ ဆူးချွန်တွေ ပါရှိနေကာ အနံ့စူးပြီး အခွံကလည်း ထူပါတယ်။  ဒူးရင်းသီးရဲ့ အနံ့ဟာ အလွန်စူးရှလှသည့်အတွက် ထိုသစ်သီးမျိုးကို လုံအောင်ဝှက် ထားဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒူးရင်းသီးဟာ အပူပိုင်း ရာသီဥတုစစ်စစ်ကိုသာ ကြိုက်နှစ်သက်တဲ့ အသီးမျိုးဖြစ်တာ ကြောင့် နေ့အပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်အောက် ရောက် သောဒေသမှာ စိုက်ပျိုး၍ မဖြစ်ထွန်းပါဘူး။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးများကို မိုးဦးကျချိန် ဇွန်လပိုင်းလောက်တွင် စတင် စိုက်ပျိုးကြပြီး အရည်အသွေးကောင်း မျိုးများဖြစ်ကြသော ကန်ကလေး၊ ရွှေဒင်္ဂါးနှင့် မိချောင်းခေါင်းမျိုးများကို စိုက်ပျိုး လေ့ရှိကြပါတယ်။ မျိုးအပေါ်လိုက်၍ စပွင့်သည်မှ မှည့်သည် အထိ ငါးလခွဲမှ  ခြောက်လအထိ   ကြာမြင့်တတ်ပါတယ်။ အရောင်ပြောင်း၍ ဆူးကျဲလာလျှင် ကောင်းစွာရင့်၍ ခူးဆွတ် နိုင်ပြီဖြစ်သော်လည်း အပင်မှညြွေ့်ကသီးက အရသာ ပိုကောင်း ပါတယ်။ ဒူးရင်းသီးဟာ အလျား တစ်ပေနှင့် အလေးချိန် ခုနစ် ပေါင်လောက်ထိ ကြီးထွားနိုင်ကြပါတယ်။ ဆွတ်ခူးထားသည့် ဒူးရင်းသီးများကို သာမန်အခန်းအပူချိန်တွင် ၁၀ ရက်ခန့်  ထားရှိနိုင်သော်လည်း      ကြွေသီးမှာ နှစ်ရက်မှ သုံးရက်အတွင်း သာ အထားခံပါတယ်။  
ဒူးရင်းသီးဟာ အရှေ့တောင်အာရှသားစစ်စစ်ဖြစ်ပြီး ဘရူနိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ဟာ ကိုကိုဒူးရင်းသီးရဲ့ ဇာတိပဲ ဖြစ်ပါတယ်။ ဒူးရင်းသီးအများဆုံးထွက်ရှိရာ ဒေသ များကတော့ မြန်မာနိုင်ငံတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ တောင်ပိုင်း၊  လာအိုနိုင်ငံ တောင်ပိုင်း၊ တရုတ်နိုင်ငံ တောင်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊  အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွေမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ထိုင်းနိုင်ငံကတော့ ဒူးရင်းသီး စိုက်ပျိုးရာ ဇာတိနိုင်ငံ မဟုတ်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေက တစ်ဆင့်ဝင်ရောက်လာပြီး အခုဆိုရင် ထိုင်းနိုင်ငံဟာ ဒူးရင်းသီး အများဆုံး တင်ပို့ရောင်းချနေတဲ့နိုင်ငံဖြစ်နေပါပြီ။ တစ်ကမ္ဘာ လုံးအနေနဲ့ ထွက်ရှိတဲ့ ဒူးရင်းသီးတန်ချိန် ၁၄၀ဝ၀ဝ၀ အနက် တန်ချိန် ၇၈၁၀ဝ၀ ဟာ ထိုင်းနိုင်ငံမှာ  စိုက်ပျိုးထွက်ရှိတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ဒူးရင်းသီးတန်ချိန် စုစုပေါင်းရဲ့ တစ်ဝက်လောက်ကို ချန်တာဘူရီခရိုင်မှာ စိုက်ပျိုးတာဖြစ်ပါ တယ်။ နှစ်စဉ် မေလ စောစောပိုင်းတွင် ကမ္ဘာ့ဒူးရင်းသီးပွဲတော်(World Durian Festival)ကို ချန်တာဘူရီမှာ ကျင်းပကြပါ တယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း ဒူးရင်းသီး အဓိကစိုက်ပျိုးတဲ့ Davao မြို့တော်မှာလည်း နှစ်စဉ် ဒူးရင်းသီး အထိမ်းအမှတ် (Kadayawan Festival) ကို ကျင်းပကြပါသေးတယ်။ 
မြန်မာနိုင်ငံမှာတော့ ဒူးရင်းသီး အဓိကစိုက်ပျိုးသော ဒေသများတွင် ဒူးရင်းသီးတစ်လုံးတွင် အနည်းဆုံး ကျပ် ၂၀ဝ၀ မှ အများဆုံး ကျပ် ၅၀ဝ၀ အထိ ရောင်းချသော်လည်း ရန်ကုန် တွင် ဒူးရင်းသီးပေါက်ဈေးမှာ တစ်လုံးလျှင် အနည်းဆုံး ကျပ် ၅၀ဝ၀ မှ အများဆုံး ကျပ် ၁၅၀ဝ၀ ထိ ပေါက်ဈေးရှိပါတယ်။ စင်ကာပူနိုင်ငံသားတွေဟာ ဒူးရင်းသီးကို   အလွန်ကြိုက်နှစ် သက်ကြပြီး စင်ကာပူမှာ  အရသာရှိတဲ့ အမျိုးအစားဆိုရင် တစ်ကီလိုအထက် လက်လီရောင်းဈေး  စင်ကာပူဒေါ်လာ ၁၀ ဒေါ်လာ မှ ၂၅ ဒေါ်လာအထိ  ဈေးပေါက်ပါတယ်။ ဒူးရင်းသီး နှင့်ပတ်သက်ပြီး ဒေသအလိုက်နှင့် လူမျိုးအလိုက် ယုံကြည်မှု အမျိုးမျိုးရှိပါတယ်။ မြန်မာလူမျိုးတို့ရဲ့ အယူအရ အပူကန် တတ်သည်ဟု ယူဆသောကြောင့် ဒူးရင်းသီး၏ အပူကို တန် ပြန်တိုက်ခိုက်ဖို့ မင်းကွတ်သီး စားကြပါတယ်။ မင်းကွတ်သီးကို အအေးစာလို့  ယူဆကြတဲ့အတွက်  ဒူးရင်းသီးပေါ်ချိန်တွင် မင်းကွတ်သီးများလည်း တွဲဖက် ရောင်းချကြပါသေးတယ်။ အချို့ကလည်း အပူမကန်စေရန် နာနတ်သီးကို တွဲဖက်စားသုံး ကြပါသေးတယ်။ 
ဒူးရင်းသီးဟာ အခြားအသီးများကဲ့သို့ တစ်နှစ်ပတ်လုံး စားသုံးလို့ရသည့် အသီးမျိုးမဟုတ်ဘဲ ရာသီချိန်မှသာ စားခွင့် ရသည့် အသီးမျိုးဖြစ်ပါတယ်။ ဒူးရင်းသီး ကြိုက်နှစ်သက်ကြတဲ့ မြန်မာလူမျိုးများအနေနဲ့ ဒူးရင်းသီကို တစ်နှစ်ပတ်လုံး မရရှိ နိုင်သည့်အတွက် Value Added  ပြုလုပ်ကာ ဒူးရင်းယို၊ ဒူးရင်း သီးအနံ့ ဝေဖာ၊ ရေခဲမုန့်၊ သကြားလုံး၊ ဘီစကွတ်၊ ရေခဲချောင်း စသဖြင့် စားစရာ အမျိုးမျိုးတွင်လည်း ထည့်သွင်း စားသောက် လာကြပါတယ်။  ဒူးရင်းသီးဟာ  အခြားသစ်သီးများထက် အဆီရော ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝသည့်အတွက် ကယ်လိုရီ အများဆုံး အသီးလည်းဖြစ်ပါတယ်။ အဝလွန်နေသူများနှင့် ကိုယ်အလေးချိန် လျှော့ချနေသူများအဖို့ ဆင်ခြင်စားသုံး သင့်တဲ့ အသီးမျိုးဖြစ်ပါတယ်။ သို့သော် ဒူးရင်းသီးမှာ ပါဝင်တဲ့ အဆီဟာ မပြည့်ဝဆီ ( Trans Fatty Acid) မျိုးမဟုတ်သကဲ့သို့ ကျန်းမာရေးအတွက် အထောက်အကူပြုသည့် အစာမျှင် အာဟာရတွေလည်း ပါရှိနေပြန်ပါသေးတယ်။
ဒူးရင်းသီးဟာ အသားချိုချိုအောက်မှာ ရှိနေတဲ့ ဒူးရင်း သီးအစေ့မှာပါ အာဟာရဓာတ်တွေ များစွာပါရှိပါတယ်။ ဒူးရင်း သီး အစေ့ထဲတွင် ကစီဓာတ်၊ အမျှင်ဓာတ်၊ ဇင့်၊ အဆီဓာတ် နှင့် ကယ်စီယမ်ဓာတ်များ ပေါကြွယ်ဝစွာပါရှိသည့်အတွက် လူ၏အင်အားကို ပြည့်ဝစေခြင်း၊ အစာခြေစနစ်ကို ကျန်းမာ စေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ နှလုံးကို ကျန်းမာစေ ခြင်း၊ သွေးတွင်း ကိုလက်စထရောကို ကျစေခြင်း၊ အရိုးနှင့် သွားများကို သန်မာစေခြင်းနှင့် သန်များကိုလည်း ကျစေနိုင် တဲ့ အစွမ်းသတ္တိတွေ ရှိနေပြန်ပါသေးတယ်။ ဒါပေမဲ့ ဒူးရင်းသီး အစေ့ကို အစိမ်းစားမယ်ဆိုရင်တော့ အန္တရာယ် ရှိစေနိုင်ပါ တယ်။ ဒီလို အစွမ်းသတ္တိတွေရှိသော ဒူးရင်းသီးအစေ့ကို ဆေး ဖော်စပ်ရာတွင် အသုံးပြုရန်နှင့် အစေ့ပျောက်ဒူးရင်းသီးများ စိုက်ပျိုးရာတွင်  မျိုးအဖြစ် ပြန်လည်အသုံးပြုရန်အတွက် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်  ထိုင်းနိုင်ငံများမှ ဒူးရင်းသီးစေ့ တစ်ပိဿာလျှင်အနည်းဆုံး ၃၀ဝ၀ မှ အများဆုံး ၇၅၀ဝ အထိ ဈေးပေး၍  တနင်္သာရီနှင့် မြိတ်ဘက်တို့တွင် လာရောက် ဝယ်ယူနေကြပါတယ်။ ပိဿာအလိုက်ဝယ်ယူသည့် ဒိုင်များရှိ သကဲ့သို့ အစေ့ချင်းလိုက် ဝယ်ယူသည့်ဒိုင်များလည်းရှိနေပြီး ဈေးနှုန်းမှာလည်း နေ့စဉ် အတက်အကျ ရှိနေပြန်ပါသေးတယ်။ ထိုင်းဘက်မှ    ဝယ်လိုအားအများဆုံးဖြစ်နေပြီး ဒူးရင်းသီးအစေ့ များကို အဝယ်ဒိုင်ဖြင့်  ဝယ်ယူသူများ ရှိသကဲ့သို့ ရပ်ကွက် အတွင်း လှည့်လည်ဝယ်ယူနေကြသည့်အထိ ဒူးရင်းသီးပေါ် ချိန်နှင့်အတူ ထွက်ပေါ်လာသည့် ရာသီပေါ်ဈေးကွက်တစ်ခု အဖြစ် ရပ်တည်နေခဲ့ပါတယ်။ သို့သော် ဒူးရင်းသီး အစေ့များ ပေါများလာချိန်တွင် ဒူးရင်းသီးအစေ့မှာ ဈေးကျသွားလေ့ ရှိပါ တယ်။
နောက်ဆုံးအနေနဲ့ ဒူးရင်းသီးဟာ အသားနှင့် အစေ့ အပြင်  ဒူးရင်းသီးအခွံဟာလည်း  အသုံးဝင်နေပြန်ပါသေး တယ်။ ဒူးရင်းသီးရဲ့ ထူးခြားပြီး ပြင်းထန်တဲ့အနံ့ကို  ကြမ်းပိုး များက ကြောက်ကြတဲ့အတွက် ကြမ်းပိုးရှိသော နေရာများတွင် ဒူးရင်းသီးအခွံထားပေးပါက  ကြမ်းပိုးများကို သုတ်သင်ရှင်း လင်းပေးနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Local Trade News

Pages