တောင်ထန်းများ ဈေးကောင်းရရှိ

Fri, 05/27/2022 - 06:54 -- admin_ygn

ဘီးလင်းမြို့နယ်ဒေသထွက်တောင်ထန်းများကိုနေ့စဉ်ပဲခူးတိုင်းဒေသကြီးဘက်သို့တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်ရာသီတွင်ယခင်နှစ်ထက်ဈေးနှုန်းပိုမိုရရှိလာကြောင်းသိရှိရသည်။တောင်ထန်းကိုအိမ်ခေါင်မိုးမိုးရန်နှင့်လယ်တဲများအမိုးပြုလုပ်ရန်အသုံးပြုလျက်ရှိသည်။ယခင်နှစ်တောင်ထန်းရာသီ ထွက် ရှိချိန် ဖေဖော်ဝါရီနှင့်မတ်လများတွင် တောင်ထန်းဈေးနှုန်းမှာအကတ်၁၀ဝလျှင် ကျပ် ၆၅၀ဝမှ ၇၀ဝ၀ထိဈေးရရှိ၍ မိုးရာသီ ရောက်ရှိခါနီးအချိန်တွင်ဈေးအမြင့်ဆုံးရရှိတတ်ပြီးဧပြီလတွင်တောင်ထန်းအကတ်၁၀ဝ လျှင် ၁၀ဝ၀ဝ ကျပ်ထိဈေးနှုန်းရရှိခဲ့သည်။ယခုနှစ်တောင်ထန်းရာသီထွက်ရှိချိန်   ဖေဖော်ဝါရီနှင့်မတ်လများတွင်တောင်ထန်းဈေးနှုန်းမှာ အကတ် ၁၀ဝလျှင်ကျပ် ၈၀ဝ၀မှ ၉၀ဝ၀ထိဈေးရရှိကာမိုးရာသီဈေးအမြင့်ဆုံးရရှိချိန်ဧပြီတွင်တောင်ထန်းအကတ်၁၀ဝလျှင်ကျပ် ၂၀ဝ၀ဝ ထိအရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။                                                                                     
 အောင်မြင့်မြတ်(မွန်)

 

Local Trade News

Pages