ဈေးကောင်းရနေသည့် ကရင်ပြည်နယ်ဒေသထွက် သီဟိုဠ်သရက်

Mon, 04/03/2023 - 03:55 -- comsumer

         ကရင်ပြည်နယ်ဒေသထွက် သီဟိုဠ်သရက်စေ့ကုန်ကြမ်းများမှာ  ယခုနှစ်တွင် ယခင်နှစ်ထက် ကုန်ကြမ်းဈေးနှုန်း နှစ်ဆခွဲခန့်ရရှိခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း သီဟိုဠ်သရက်စေ့ ထွက်ရှိချိန်မှာ ဖေဖော်ဝါရီလလယ်မှ ဧပြီလလယ်ထိဖြစ်ပြီး ယခင်နှစ်၌ အရည်အသွေးကောင်းမွန် သည့် သီဟိုဠ်သရက်စေ့ တစ်ပိဿာလျှင် ကျပ်၂၂၀၀ ဖြင့် ဈေးပိတ်ခဲ့သော်လည်း ယခုတွင် အဖွင့် ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် ဈေးနှုန်းဖွင့်ကာ  ဈေးကွက်လိုအပ်ချက်အရ ယခုနှစ် မတ်လလယ်တွင်  တစ်ပိဿာလျှင် ၄၉၀၀ ကျပ်  မှ ၅၂၀၀ ကျပ်အထိ ‌ဈေးနှုန်းများဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။

     သီဟိုဠ်သရက်စေ့ ကုန်ကြမ်းဈေးနှုန်းများမှာ မတ်လအတွင်း၌ ဈေးနှုန်းတည်ငြိမ်မှုမရှိဘဲ နေ့စဉ်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်နေကြောင်း၊ နေ့စဉ်ပေါက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀/၂၀၀)ကျပ် အမြဲကွာဟနေသောကြောင့် မြေပြင်တွင် ဝယ်ယူရသည့်အခြေအနေမှာ အခက်အခဲ အနည်းငယ်ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်း၌ တစ်နှစ်လျှင် သီဟိုဠ်စေ့အဆန် ပိဿာချိန် ၅ သိန်း ကျော် (တန်ချိန် ၈၀၀ ကျော်)ထွက်ရှိနိုင်ပြီး ကရင်ပြည်နယ်ဒေသထွက် သီဟိုဠ်စေ့များကို ဒေသတွင်း ဖြစ်သော မော်လမြိုင်၊ ရေး၊ ထားဝယ်နှင့် မြိတ်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး မြဝတီနယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (ကရင်)

Local Trade News

Pages