ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ(နွေနှမ်း)များ စတင်စိုက်ပျိုး

Thu, 04/20/2023 - 09:16 -- comsumer

      မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် (နွေနှမ်း)များကို ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ပဲယင်းစိုက်ခင်းများ ရိတ်သိမ်းပြီး မြေလွတ်များတွင် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ နှမ်းမျိုးအနေဖြင့် နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းနီ စသည်ဖြင့် စိုက်ပျိုးကြပြီး စိုက်ပျိုးမြေများမှာ မြစ်ရိုး တစ်လျှောက် မြေသား မြေမာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆိပ်ဖြူမြို့နယ်၌ (နွေနှမ်း)စိုက်ဧက (၁၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးထားရှိပြီး ဆိပ်ဖြူမြို့အနောက်ပိုင်း ရပ်ကွက်နှင့်ရွာသစ်ရပ်ကွက်တွင် (နွေနှမ်း)စိုက်တောင်သူ (၅၀)ဦးဖြင့် စိုက်ဧက(၃၀)ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ နှမ်းသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုစားသုံးဆီဖူလုံမှုရရှိသည့်အပြင် ဈေးကွက် ခိုင်မာမှုရှိ၍ အကျိုးအမြတ်ရရှိခြင်းကြောင့် နွေနှမ်းများကို ယခင်နှစ်ထက်တိုး၍ စိုက်ပျိုးလျက်ရှိရာ နှမ်းစိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

DOCA (မကွေး)

Local Trade News

Pages