စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်အမှတ် ၆၃/၂၀၂၀ အရအီလက်ထရောနစ်စနစ်ဖြင့် WIPO FILE Account လျှောက်ထားနိုင်ရန်အတွက် အသိပေးကြေညာခြင်း

Fri, 09/11/2020 - 09:50 -- admin_ygn

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၉၃၊ ပုဒ်မခွဲ (က)ပါ အမှတ်တံဆိပ်ပိုင်ရှင်များအတွက် အမိန့်စာအမှတ် ၆၃/၂၀၂၀ ကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အမိန့်စာပါပထမအဆင့်ကိုဆောင်ရွက်ရန် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကိုဝန်ဆောင်မှု အဖြစ် ဆောင်ရွက်နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့ (Law Firm) များသည် အီလက်ထရောနစ်မှတ်ပုံတင်စနစ် (WIPO FILE –Online IP Filling System)နှင့် စပ်လျဉ်းသည့် အချက်အလက်များနှင့် Account လျှောက်ထားခွင့် တောင်းခံလွှာတို့ကို ၂၁.၉.၂၀၂၀ ရက်နေ့မှ စတင်၍ www.efilling.ipd.gov.mmတွင် Download ရယူပြီးအချက်အလက်များဖြည့်စွက်၍ WIPO FILE Account (Longin in Passward) ရယူနိုင်ရန်အတွက် [email protected]သို့ ပြန်လည် ပေးပို့ရ မည်ဖြစ်ပါသည်။ ဒုတိယအဆင့် စတင်ဆောင်ရွက်နိုင်မည့်နေ့ရက် ကိုထပ်မံကြေညာသွားမည် ဖြစ်ပါသည်။         

(စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဌာန၊ ၀၆၇-၃၄၃၀၅၇၁၊ ၀၆၇-၃၄၃၀၅၇၂)

Local Trade News

Pages