စိုက်ပျိုးရေးလုပ်ငန်းရှင်များသည် Drone များအား တွင်ကျယ်စွာအသုံးပြုရန် ဆန္ဒရှိနေကြကြောင်း သုတေသနစစ်တမ်းတွင်ဖော်ပြ

Tue, 03/29/2022 - 09:41 -- admin_ygn

စိုက်ပျိုးရေး လုပ်ငန်းသုံး Drone နည်းပညာနှင့်ပတ်သက်၍ သုတေသနပြုစစ်တမ်းDrone Industry Situation ၂၀၂၂ ကိုပြုလုပ်ခဲ့ ရာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ၅၄ ရာခိုင်နှုန်း သည် ၎င်းတို့ ၏လုပ်ငန်းတွင်Drone များအား တွင်ကျယ်စွာ အသုံးပြုရန် အတွက် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိကြကြောင်း အမေရိကန်ကုမ္ပဏီ DroneDeploy ၏ သုတေသန တွေ့ရှိချက်များအားထုတ်ပြန် ရာတွင်  ဖော်ပြထားသည်နိုင်ငံပေါင်း ၄၀ ကျော်ရှိ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့ အပါအဝင် စီးပွားရေးကဏ္ဍပေါင်း၂၀ တို့၌ လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်  ၇၆၆ ဦးတို့ အား ကုမ္ပဏီက သုတေသနပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ၃၃ ရာခိုင်နှုန်းသည် ၎င်းတို့၏စိုက်ပျိုးရေးလုပ်ငန်းများတွင် ပိုးသတ်ဆေး ဖျန်းခြင်းဓာတ်မြေသြဇာ ကြဲပက်ခြင်းနှင့် မြေနမူနာများရယူခြင်းတို့ဆောင်ရွက်ရာ၌  sensor နည်းပညာများကို စတင်အသုံးပြုရန် ပြင် ဆင်လျက်ရှိကြောင်း၊ စွမ်းအင်ကုမ္ပဏီများတွင် ီမသညန နည်းပညာအားတွင်ကျယ ်စွာ အသုံးပြုနေသကဲ့သို့ ဒီဂျစ်တယ်စိုက်ပျိုးရေး လုပ်ငန်း များ၏ ၆၈ ရာခိုင်နှုန်းတွင် ီမသညန နည်းပညာများ အသုံးပြုလျက်ရှိပြီး ၂၁ ရာခိုင်နှုန်းတွင် Drone  နည်းပညာများ အသုံးပြု၍စိုက်ပျိုး မြေ အစိုဓာတ် စစ်ဆေးခြင်း၊ အပင်ဖျက်ပိုးမွှားများ ကာကွယ်ခြင်းနှင့် သီးနှံ စိုက်ခင်း အခြေအနေ စောင့်ကြည့်လေ့လာခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း ကုမ္ပဏီ၏ သတင်းတွင်ဖော်ပြထား သည်။Drone  နည်းပညာအား ထိရောက်စွာ အသုံးချနိုင်သဖြင့်လုပ်ငန်း များ ဆောင်ရွက်ရာ တွင် အချိန်ကုန်သက်သာခြင်း၊ လူလုပ်အားများ လျှော့ချနိုင်ခြင်းနှင့် အချက်အလက်များ လွယ်ကူစွာ ကောက်ယူနိုင် ခြင်း စသည့် အကျိုးကျေးဇူးများအပြင် သီးနှံအထွက်နှုန်းများလည်း သိသိသာသာ တိုးတက်ခဲ့ကြောင်း၊ အခြားလုပ်ငန်းများထက် စိုက်ပျိုး ရေးလုပ်ငန်းတွင် Automationနည်း ပညာ သည် အလွန်အရေးပါ ကြောင်းတို့ကို လုပ်ငန်းရှင်များ၏ ၅၇ ရာခိုင်နှုန်းက ဖြေကြားခဲ့ ကြောင်း သတင်းတွင် ဖော်ပြထားသည်။ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းတွင် လူလုပ်မှတ်Óဏ်တုနည်း ပညာ အသုံးပြုသည့် စက်ရုပ်များသည် အလွန်အရေးပါလျက် ရှိကြောင်း၊ ထို့ကြောင့် လာမည့်နှစ်အနည်းငယ်တွင် Drone နည်းပညာ အသုံးပြုမှု သည် စိုက်ခင်းမြေပုံထုတ်ခြင်းများ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်း များ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာရန် ယုံကြည်လျက်ရှိကြောင်း ကို စိုက်ပျိုးရေးလုပ်ငန်းရှင်များ၏ ၅၄ ရာခိုင်နှုန်းက ဖြေကြားခဲ့ကြောင်း ကုမ္ပဏီ၏သုတေသ နတွေ့ရှိချက် သတင်းထုတ်ပြန်ရာတွင် ဖော်ပြ ထားသည်

Local Trade News

Pages