ခြောက်လ မာလကာသီး လှိုင်လှိုင်ပေါ်

Thu, 09/15/2022 - 07:58 -- admin_ygn

သစ်သီးဝလံဈေးကွက်သို့ ခြောက်လမာလကာသီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည့်အပြင်  ရေနံချောင်း မြို့မဈေးကြီး၊ ပျံကျဈေးတို့တွင်လည်းကောင်း ရပ်ကွက်အချို့တွင် စိုက်ပျိုးသူများက လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
''ခြောက်လမာလကာသီး အရောင်းအဝယ် ပြန်သွက်လာတယ်။ ကျောက်ပန်းတောင်းကထွက်တဲ့  မာလကာသီးတွေလည်း ရေနံချောင်း မြို့မဈေးနဲ့ ပျံကျဈေးကို ဝင်ရောက်နေတယ်။ ခြံပိုင်ရှင်၊ စိုက်ပျိုးသူတွေနဲ့ ပြန်လည်ရောင်းချသူတွေအတွက် ဝင်ငွေရ နေတယ်''ဟု ရေနံချောင်းမြို့မှ ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
သစ်သီးဝလံဈေးကွက်၌ ခြောက်လမာလကာသီး တစ်လုံးလျှင် ကျပ် ၂၅၀၊ ကျပ် ၃၅၀ နှင့် ၁၀ဝ၀ ဖိုး သုံးလုံး ပေါက်ဈေး ရောင်းချကြကြောင်း သိရသည်။
ဆန်းညွန့်(ရေနံချောင်း)

 

Local Trade News

Pages