ချောက်မြို့နယ်၊ ကိုးဆူကျေးရွာ၌ ဆီးပန်းသီးများ စတင်ခူးဆွတ်ရောင်းချလျက်ရှိ

Thu, 01/05/2023 - 03:48 -- comsumer

           မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကိုးဆူကျေးရွာ၌ ဆီးပန်းသီးပင်များ စိုက်ပျိုးထားရှိ ကြောင်း၊ တစ်ဧကလျှင် (၁၅)ပေ ပတ်လည်အကျယ်ဖြင့် အပင်(၁၀၀)စိုက်ပျိုးရပြီး စုစုပေါင်း (၅)ဧက တွင် ဆီးပန်းသီးပင် (၅၀၀)ပင်စိုက်ပျိုးထားကြောင်း၊ မေ၊ ဇွန်၊ ဇူလိုင်လမှ စတင်၍ ကိုင်းကူးပျိုးပင်ကို တစ်ပင် ကျပ်(၃၀၀)နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ဆီးပန်းသီး များ ခူးဆွတ်ရောင်းချရကြောင်း၊ ဆီးပန်းသီးစိုက်ပျိုးမှု(၅)ဧကတွင် တစ်နေ့လျှင် ဆီးပန်းသီး(၂၅၆) ပြည်ခန့် (၁၆ တင်းခန့်) ခူးဆွတ်ရရှိကြောင်းနှင့် ဆီးပန်းသီးတစ်ပြည်လျှင် ကျပ်(၁၀၀၀)နှုန်းဖြင့် ရောင်းချရ၍ တစ်နေ့လျှင် ကျပ် (၂၅၆၀၀၀)ခန့် ဝင်ငွေရရှိကြောင်း သိရသည်။

         (၁)ဧက ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ မြေဩဇာ(နွားချေး၊ သစ်ရွက်ဆွေး)၊ လုပ်သားခ၊ ပလတ်စတစ်အိတ်၊ သယ်ယူစရိတ် အပါအဝင် စုစုပေါင်း ကျပ်(၁၂)သိန်းခန့် ကုန်ကျကြောင်း သိရသည်။ (၁)ဧကလျှင် ဆီးပန်းသီးစတင်ထွက်ပေါ်ချိန်မှစ၍ ရာသီကုန်ချိန်(အသီးတုံးချိန်)အထိ ပြည် (၂)ထောင်ကျော်ခန့် ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁)ပြည်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် ဝင်ငွေအနေဖြင့် ကျပ်(၂၀)သိန်းခန့် ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၈)သိန်းခန့် ရရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် မကွေး-ချောက် ကားလမ်းမကြီးပေါ်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်းနှင့် တောင်ကြီး၊ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ယခုနှစ်တွင် ယခင်နှစ်ကထက် အသီးပိုမိုထွက်ရှိပြီး ရာသီဥတုအခြေအနေအရ နှင်းမကျသောကြောင့် ပိုးအနည်းငယ်ကျနေသော်လည်း စီးပွားရေး တွက်ချေကိုက်ကြောင်း သိရသည်။

DOCA (မကွေး)

Local Trade News

Pages