ခုတစ်ပတ် ရော်ဘာတန်ချိန် သုံးထောင်နီးပါးတင်ပို့

Tue, 08/30/2022 - 11:20 -- admin_ygn

ဇူလိုင် ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်း ကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ၃ဒသမ၆၀၂ သန်းတန်ဖိုးရှိရော်ဘာတန်ချိန် ၂၃၅၀ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရော်ဘာတန်ချိန် ၁၅၃၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၃၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ တန်ချိန် ၆၃၀ နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၀ တင်ပို့ခဲ့ကြောင်း သိရသည်။ယခုတစ်ပတ် မြန်မာ-ထိုင်းနယ်စပ်မှ  ရော်ဘာတန်ချိန် ၄၃၀ နှင့် မြန်မာ-တရုတ် နယ်စပ်မှ ရော်ဘာ တန်ချိန် ၁၂၀ တင်ပို့ခဲ့သဖြင့် နယ်စပ်မှ ရော်ဘာတန်ချိန် စုစုပေါင်း ၅၅၀ တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၁၈ သန်းရရှိခဲ့ သည်။ ယခုတစ်ပတ် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ရော်ဘာတင်ပို့မှုတန်ချိန် ၂၉၀ဝ နှင့် တန်ဖိုးအမေရိကန် ဒေါ်လာ ၄ ဒသမ ၂၂သန်းရရှိခဲ့ကြောင်းသိရသည်။ယခင်တစ်ပတ် ရော်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၉၀ ကျော် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၁၀၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။

အေးအေးသန့်(CJ)

Local Trade News

Pages