ခမ်းပတ်မြို့မှ ထွက်ရှိသော လိမ္မော်သီးများ စျေးကောင်းရရှိ

Fri, 11/11/2022 - 09:51 -- comsumer

              စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့တွင် ဒေသနှင့်ကိုက်ညီပြီး ဈေးကွက် ရရှိသည့် ရာသီစာ လိမ္မော်သီးများ စိုက်ပျိုးထားခြင်းဖြင့် နှစ်စဉ် ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ခမ်းပတ်မြို့မှ ထွက်ရှိသည့် လိမ္မော်သီးပင်များသည် စက်တင်ဘာလတွင် အသီးစတင် သီးပြီး နိုဝင်ဘာလဆန်းပိုင်းတွင် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချနိုင်ပြီး ဇန်နဝါရီလကုန်ခန့် အထိ လိမ္မော်သီးများ ရောင်းချလျက်ရှိပါသည်။ ခမ်းပတ်မြို့မှ ထွက်ရှိသည့် လိမ္မော်သီးများသည် ချဉ်ချိုချိုအရသာရှိသောကြောင့် လူကြိုက်များလှပါသည်။ ရောင်းဈေးအနေဖြင့် လိမ္မော်သီး အလုံး အကြီး/အသေးပေါ်မူတည်၍ အလုံးကြီးလျှင် ( ၃ ) လုံး ( ၁၀၀၀ ) ကျပ်၊ အလုံးသေးလျှင် ( ၄ ) လုံး ( ၁၀၀၀ ) ကျပ် စသည့်ပေါက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး တင်ပို့ရောင်းချမှုများအနေဖြင့် တမူးမြို့နှင့် ကလေးမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရာသီစာလိမ္မော်သီးပင် စိုက်ပျိုးရောင်းချခြင်းဖြင့် နှစ်စဉ်ဝင်ငွေရရှိကာ မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ်ကာ ဝင်ငွေ ရရှိနေကြောင်း သိရသည်။

Local Trade News

Pages