ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်(၁၉)ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Thu, 02/03/2022 - 06:06 -- admin_ygn

ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ Virtual  စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ကုန်စည်ကူးသန်းရေးတွင်ကိုဗစ်(၁၉) ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လုပ် ငန်း ညှိနှိုင်းအစည်းအဝေးသို့ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်(၁၉)ရောဂါ ပြန့်ပွားမှု  ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး    ဦးညွန့်အောင်  တက်ရောက် အမှာစကားပြောကြားခဲ့သည်။ကော်မတီ ဥက္ကဋ္ဌက  အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင်ကျိန်စန်းကျော့၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့်  ကန်ပိုက် တီးနယ်စပ်  ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်၍  ကုန်သွယ်မှုလုပ် ငန်းများ  ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် မူဆယ် (၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ဝင်ထွက်သည့် ဂိတ်ငါးခုရှိပြီး ယခုအခါ ကျိန်စန်းကျော့ ဂိတ်တစ်ခုတည်းကိုသာ  ဖွင့်လှစ်နိုင်ခဲ့ ခြင်းဖြစ်ပြီး ပို့ကုန်တင်ပို့နိုင်မှု ပမာဏ လွန်စွာ  နည်းပါးနေသေးကြောင်း၊ နှစ် နိုင်ငံ  နယ်စပ်ကုန်သွယ်မှုတွင် ကိုဗစ် (၁၉)ကူးစက် ရောဂါ ကြောင့် ကုန်သွယ် မှုကန့်သတ်ချက်နှင့် အခက်အခဲများစွာရှိနေကြောင်း၊ ပိုးသတ်ရခြင်း၊ယာဉ်ချိန်း ပြောင်းရခြင်း၊  ရှန်တိန်ယာဉ်မောင်း များဖြင့်ဆောင်ရွက်ရခြင်းနှင့်  ကုန်ပစ္စည်းများ ချိန်းပြောင်းရခြင်းများကြောင့် ကုန်ကျစရိတ်များခြင်း၊  အချိန် ကြာမြင့်စွာ  စောင့်ဆိုင်းရခြင်း စသည့် ကုန်သွယ်မှု အခက်အခဲများ  ရှိသော် လည်း ကျော်လွှားနိုင်အောင်  ဆောင် ရွက်ပြီး မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့နိုင် ရေး   ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ကုန်သွယ်မှု  တိုးမြှင့်နိုင်ရေး အတွက်  နှစ်နိုင်ငံ  နယ်စပ်တာဝန်ရှိသူ များအနေဖြင့်  တွေ့ကြုံရသည့် အခက် အခဲများကို ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  နယ်စပ်ကိုယ်စားလှယ် တာဝန်ရှိသူအချင်းချင်း   ညှိနှိုင်းဆောင် ရွက်ကြရန်နှင့် ခက်ခဲသည့် ကိစ္စရပ်များ ကို  တင်ပြကြရန်ဖြစ်ပြီး  ပြည်ထောင်စု အဆင့်မှ ဆက်လက်ဆွေးနွေးပေးသွား မည်ဖြစ် ကြောင်း၊ ကိုဗစ်(၁၉)ကူးစက် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း စဉ်များတွင် နှစ်နိုင်ငံနယ်စပ်အချင်းချင်းတကြွ်ကစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသော်လည်း ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဖက် နိုင်ငံမှ ကိုဗစ်(၁၉)ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကူညီ ထောက်ပံ့မှုများအပေါ်  သက်ဆိုင်ရာဌာနများနှင့်  ခရိုင်အဆင့်၊ မြို့နယ် အဆင့်  (Task Force) လုပ်ငန်းအဖွဲ့များ က ကဏ္ဍအလိုက်  ဆောင်ရွက်မှုအခြေ အနေများကို တင်ပြပေးကြရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ ဆပ်ကော်မတီဝင် များ၊  Task  Force အဖွဲ့ဝင်များနှင့် အစည်း အဝေးသို့ တက်ရောက်လာကြသည့်  သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်  ဆွေးနွေးခဲ့ကြပြီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ   ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေး နွေးပေါင်းစပ်ညှိနှိုင်းပေးကာ  အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိ သည်။                              

 MOC(IR)

Local Trade News

Pages