ကလေးမြို့၌ တစ်နိုင်တစ်ပိုင် ကွမ်းသီးပင်စိုက်ပျိုးမှုဖြင့် ဝင်ငွေတိုးလျက်ရှိ

Tue, 01/31/2023 - 05:12 -- comsumer

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မိမိတို့ခြံဝန်းများအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားသည့် ကွမ်းသီးပင်များသည် နှစ်စဉ်အပိုဝင်ငွေရရှိကြောင်း၊ ကွမ်းသီးများရောင်းချရာတွင် အိမ် အရောက် လာရောက်ဝယ်ယူပြီး အပင်ပေါ်ကိုယ်တိုင်တက်၊ ကိုယ်တိုင်ရေတွက်ကာ ဝယ်ယူလေ့ရှိ ကြောင်း၊ ကွမ်းသီးဈေးနှုန်းများအနေဖြင့် အကြီး၊ အသေး ရောနှောဝယ်ယူပြီး ကွမ်းသီး တစ်လုံးလျှင် (၉-၁၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူကာ မန္တလေးမြို့ ဝယ်လက်များသို့ ရောင်းဈေးနှုန်း(၁၃)ကျပ် ဖြင့် ပြန်လည်တင်ပို့ ရောင်းချရကြောင်း သိရသည်။

          ယခင်နှစ်၌ ကွမ်းသီးများကို တစ်ပိုင်တစ်နိုင်အနေဖြင့် ကုန်သည်များအဆင့်ဆင့်သာ ရောင်းဝယ်မှု ပြုလုပ်ကြပြီး ယခုအခါတွင် ကုမ္ပဏီထောင်၍ အရောင်းအဝယ်များပြုလုပ်ကြကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကွမ်းသီးများကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှဒီဇင်ဘာလအတွင်း တမူးကုန်သွယ်ရေးစခန်းမှအိန္ဒိယနိုင်ငံသို့ ကွမ်းသီးပို့ကုန်အနေဖြင့် တန်ချိန်(၇.၄၄၈)တန်နှင့် အမေရိကန်ဒေါ်လာ ကျပ်သန်းပေါင်း(၇၂၅၇၂၀၈.၃၀၅) တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံဘက်သို့ ကွမ်းသီးတင်သွင်းရာတွင် ကွမ်းသီးတစ်ပိဿာလျှင် ဂျူတီ ဆောင်ခ(1kg)လျှင် (၆)ကျပ် ပေးဆောင်ရသဖြင့် နိုင်ငံတော်၏ အခွန်ဝင်ငွေတိုးစေပြီး၊ စိုက်ပျိုးသူ များနှင့် ကုန်သည်များအနေဖြင့်လည်း နှစ်စဉ်ဝင်ငွေရရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages