ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းသည်နှင့် ပြည်တွင်းသို့ ရွှေတင်သွင်းရန် လုပ်ဆောင်သွားမည်

Fri, 06/10/2022 - 07:51 -- admin_ygn

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းသည်နှင့် ပြည်တွင်းသို့ ရွှေတင်သွင်းရန် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇွန် ၂ ရက်တွင် ပြောသည်။"ပြည်တွင်းကို ရွှေတင်သွင်းဖို့အတွက် ကမ္ဘာ့ဈေးအကျကို စောင့်နေကြတယ်။ ကမ္ဘာ့ဈေးလည်း ကျတော့ကျလာပါပြီ။ ရွှေဈေးက ၁၈၀ဝ အောက်လောက် ရောက် တာနဲ့ စကြမှာပါ။ အခုက ၁၈၃၅ လောက်ဆိုတော့ စောင့်နေကြတာ"ဟု ၎င်းက ပြောသည်။YGEA  အနေဖြင့် ဇွန်လအပါဝင် လာမည့်သုံးလအတွင်း ပြည်တွင်း၌ ရွှေ ကုန်ကြမ်း လုံလောက်မှုရှိစေရန်အတွက် ပြည်ပကနေ ရွှေတင်သွင်း သွားရန် ပြီးခဲ့ သည့် မေလမှစတင်ကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။"ဈေးကွက်ထဲမှာကလည်း ရွှေက လုံလောက်သွားတဲ့သဘောမှာ ရှိတယ်။ အရင်လို နယ်စပ်ဖြတ်ကျော်တွေ မရှိတော့ဘူး၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ ဈေးကစားတဲ့သူတွေ မရှိ တော့ဘူး၊ ပုံမှန်ဖြစ်သွားတဲ့အခါ ကျတော့ ဈေးကွက်ထဲ ပစ္စည်းက အဲလောက်မလိုတော့ဘူး။ ကမ္ဘာ့ဈေးအကျကိုပဲစောင့်ပြီး ရွှေတင်သွင်း မယ့်သူတွေက တင်သွင်းသွားမှာပါ။ ရွှေတင်သွင်းမယ့်သူတွေက အသင်းမှာလည်း အရောင်းအဝယ်လုပ်သလို ဆိုင်တွေကုမ္ပဏီတွေလည်း ရှိရမှာပါ"ဟု ၎င်းကပြော သည်။လက်ရှိပြည်တွင်းရွှေဈေးကွက်မှာ ဈေးအမြင့်ပိုင်းတွင်သာရှိ‌နေပြီး ယခုကာလသည် ကျောင်းအပ်နှံချိန်ဖြစ်သည့်အတွက် ဈေးကွက်အေးနေကာ ဝယ်လို အားနည်း၍ ရောင်းလိုအား အနည်းငယ်များသည့် အ‌ခြေအနေမျိုးဖြစ်ကြောင်း သိရသည်။"ဒီတစ်ပတ်အတွင်းကတော့ ရွှေဈေးကသိန်းနှစ်ဆယ် လေးသောင်း၊ ငါးသောင်း ဝန်းကျင်မှာပဲ ဆက်ရှိနိုင်ပါတယ်။ အခု ဈေးကွက်ထဲမှာ ဈေးကစားမှု၊ မှောင်ခိုလုပ် တာတွေထိန်းနိုင်ဖို့ လိုင်စင်တွေ လုပ်ခိုင်းထားတာလည်းရှိတော့ အခုဆိုရင်လုပ်ငန်း ရှင် ၅၀လောက်ကလာရောက် လျှောက်ထားတာတွေ ရှိနေပါပြီ"ဟုဦးမျိုးမြင့်ကဆက်လက်ပြောဆိုသည်။အဆိုပါ  YGEA အနေဖြင့် မီးလင်းရွှေ အတုံးအခဲအရောင်းအဝယ်ပြုလုပ်သူများအား လိုင်စင်ပြုလုပ်ထားကြရန် ပြီးခဲ့သည့် မေ ၁၈ ရက်ကအသိပေးပြောကြားထားပြီး လိုင်စင်မရှိသည့်ရွှေဆိုင်များကိုလည်းရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ကြရန်ထုတ်ပြန်ကြေညာထားသည်။                                                       

  ပန်းဆု

Local Trade News

Pages