BRICS ၏ ဝန်ဆောင်မှုကုန်သွယ်ရေးအစီရင်ခံစာတွင် တိုးတက်လာမှုများကိုတွေ့မြင်ရ

Mon, 10/03/2022 - 04:20 -- wtodep

BRICS နိုင်ငံများဖြစ်ကြသော ဘရာဇီးလ် ၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့သည် ကပ်ရောဂါကြောင့် ဆုတ်ယုတ်မှုများ ဖြစ်‌ပေါ်နေသော်လည်း ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုဈေးကွက်များတွင် ပိုမိုအရေးပါလာသည့် နိုင်ငံများဖြစ်လာပါသည်။ BRICS နိုင်ငံများသည်ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုတင်သွင်းမှု၏ ၁၃ ရာခိုင်နှုန်း ရှိပါသည်။

International Trade Centre မှထုတ်ပြန်သော BRICS ဝန်ဆောင်မှုကုန်သွယ်ရေး ၂၀၂၂ခုနှစ် အစီရင်ခံစာတွင် BRICS နိုင်ငံများ၏ ပြည်တွင်းမူဝါဒများပိုမိုကောင်းမွန်လာခြင်း၊ ပိုမိုခိုင်မာသော စီးပွားရေးကွန်ရက်များကို ဖွံ့ဖြိုးခြင်း၊ ဒေသတွင်းသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ခြင်းနှင့်အချက်အလက်စုဆောင်းမှု တိုးမြှင့်ပြုလုပ်ခြင်းနှင့် BRICS အဖွဲ့ဝင် နိုင်ငံများအကြား အချက်အလက်များမျှဝေခြင်းတို့ကို ပိုမိုကောင်းမွန်စေခြင်းတို့ဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေကြောင်း တွေ့ရှိချက်ကို ထည့်သွင်းဖော်ပြထားပါသည်။

အဓိကကဏ္ဍများ

BRICS နိုင်ငံများ၏ဝန်ဆောင်ဆိုင်ရာ တင်ပို့မှုနှင့်သွင်းကုန်များတွင် သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာမှုနှင့် အခြားစီးပွားရေး ဝန်ဆောင်မှုများက ကြီးမားသောဝေစုများရရှိထားပါသည်။ BRICS တစ်နိုင်ငံစီ၏ ဝန်ဆောင်မှုဆိုင်ရာ တင်ပို့မှုများမှာ အထူးပြုအားသာ ချက်ရှိသည့်ကဏ္ဍများမှာ ဘရာဇီးနိုင်ငံအတွက် ဆောက်လုပ်ရေး၊ ရုရှားနိုင်ငံအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးနှင့် ဉာဏပစ္စည်းဆိုင်ရာတို့အတွက် ယူသည့်အခကြေးငွေများ၊ အိန္ဒိယနိုင်ငံအတွက် ဆက်သွယ်ရေး နှင့်အိုင်စီတီဝန်ဆောင်မှုများ၊ တရုတ် နိုင်ငံအတွက် ဆက်သွယ်ရေး၊ စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုများနှင့်ဆောက်လုပ်ရေး၊ တောင်အာဖရိကနိုင်ငံအတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပါဝင်သည်။

ယှဉ်ပြိုင်နိုင်စွမ်းအားမြှင့်တင်ခြင်း

BRICS နိုင်ငံများတွင် ဝန်ဆောင်မှုဈေးကွက်များမှ ကုန်သွယ်မှုပေါင်းစည်းမှုမှာ ကုန်စည်ဈေးကွက်ပေါင်းစည်းမှုများထက် သိသိသာသာ ပိုမိုနှေးကွေးသွားပြီး၊ ကုန်သွယ်မှုပိုမိုအားကောင်းပြီး ခံနိုင်ရည်ရှိစေရန် ပိုမိုမြင့်မားသောတန်ဖိုးဖြည့်ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကိုအာရုံစိုက်ရန်အစီရင်ခံစာကအကြံပြုထားပါသည်။

ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ပိုင်းခြားစိတ်ဖြာခြင်း၏ အကြီးမားဆုံးစိန်ခေါ်မှုမှာ အချက်အလက်မရှိခြင်းပင်ဖြစ်သည်။ ဤအစီရင် ခံစာသည် ရင်းမြစ်အမျိုးမျိုးမှဝန်ဆောင်မှုကုန်သွယ်မှုဆိုင်ရာ အချက်အလက်များကို စုစည်းထားပြီး BRICS နိုင်ငံများအတွက် ဝန်ဆောင်မှု ကုန်သွယ်ရေးကို ဘက်စုံခြုံငုံမိသည့် သုံးသပ်ချက်အား တင်ပြထားခြင်းဖြစ်ကြောင်း  ITC အမှုဆောင်ဒါရိုက်တာ Pamela Coke-Hamilton ကပြောကြားခဲ့သည်။

ကဏ္ဍခွဲများနှင့်မိတ်ဖက်နိုင်ငံများမှ ဝန်ဆောင်မှုလုပ်ငန်းခွဲများနှင့်မိတ်ဖက်နိုင်ငံများမှ ကုန်သွယ်မှုအချက်အလက်များကို စုဆောင်းခြင်း၊ နိုင်ငံခြားလုပ်ငန်းခွဲများ၏ ရောင်းအားကိုခြေရာခံခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အချက်အလက်စုဆောင်မှု ကြိုးပမ်းမှုများကို ပံ့ပိုးကူညီခြင်းအပြင် ရှေ့ပြေးစီမံကိန်းများမှ တစ်ဆင့်အချက်အလက် များစုဆောင်းခြင်းကို မြှင့်တင်ခြင်းဖြင့် ပိုမိုကောင်းမွန်သောအချက် အလက်များ ရရှိလာနိုင်ပါသည်။

ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ပတ်သက်၍ မူဝါဒပြုပြင်ပြောင်းလဲမှုများနှင့် ဒေသဆိုင်ရာအစပျိုးမှုများနှင့်အတူ ကုန်သွယ်မှုကုန်ကျ စရိတ်ကိုလျှော့ချခြင်း၊ SMEs များအတွက် ကောင်းမွန်သောပြည်တွင်းမူဝါဒဝန်းကျင်ကို တည်ဆောက်ခြင်း၊ BRICS အကြားသတင်း အချက်အလက် မျှဝေမှုပိုမိုများပြားလာခြင်းနှင့် G 20 ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်ခြင်း၊ WTO နှင့်အခြားသော ဖိုရမ်များအပြင် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုပိုမိုအား ကောင်းအောင်တည်ဆောက်ခြင်းကို အစီရင်ခံစာက အကြံပြုထားကြောင်း လေ့လာတွေ့ရှိပါသည်။ 

Source: https://intracen.org/news-and-events/news/brics-trade-in-services-report-offers-insights-for-growth

International Trade News

Pages