အိန္ဒိယမှ ချမှတ်လိုက်သော ဆန်မူဝါဒအသစ်ကြောင့် ကမ္ဘာ့ဆန်စျေးနှုန်းမြင့်တက်ဖွယ်ရှိ

Thu, 12/01/2022 - 07:29 -- DotBorderdep

ဆန်ကွဲများတင်ပို့မှုကို ပိတ်ပင်ခြင်းနှင့်ဘာစမာတီမဟုတ်သည့် ဆန်ဖြူများတင်ပို့မှုအတွက် အခွန် (၂၀%) ကောက်ခံသည့်ဆန်မူဝါဒအသစ်ကို အိန္ဒိယအစိုးရမှ ၂၀၂၂ခုနှစ်စက်တင်ဘာလ (၉)ရက် နေ့ကတည်းကချမှတ်ခဲ့သည်။ယင်းမူဝါဒကြောင့် အိန္ဒိယနိုင်ငံမှဆန်တင်ပို့မှုသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန်၄သန်းမှ၅သန်းအထိ ကျဆင်းနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြောင်းသိရသည်။ အိန္ဒိယနိုင်ငံသည်ယခင်၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ဆန်တင်ပို့မှု စျေးကွက်တွင်(၄၀%) အထိစျေးကွက်ဝေစုရရှိခဲ့ပါသည်။ ၎င်းပြင်ဆန်မူဝါဒအသစ်သည် ဆန်ထုတ် လုပ်မှုကို တန်ချိန်၁၇.၈သန်းခန့်လျော့နည်းနိုင်ကြောင်းကိုလည်း အိန္ဒိယနိုင်ငံဆန်တင်ပို့သူများ အသင်း ဥက္ကဌမှပြောကြားခဲ့ကြောင်းသိရသည်။

ဤဆန်မူဝါဒအသစ်သည် ဆန်ဖြူများ၏စျေးနှုန်းကိုအာရှတိုက်ရှိ ယှဉ်ပြိုင်ဘက်နိုင်ငံများ၏ စျေးနှုန်းများအတိုင်း မြင့်တက်လာစေရန် ရည်ရွယ်ကြောင်းကို အိန္ဒိယနိုင်ငံဆန်တင်ပို့သူများ အသင်းဥက္ကဌမှ ပြောကြားသကဲ့သို့၊ အိန္ဒိယနိုင်ငံအစားအသောက်ဝန်ကြီးမှ ပြည်ပသို့ဆန်တင်ပို့မှုများ ပြားလာခြင်းသည် ပြည်တွင်းမွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်ကျွေးမွေးမှုနှင့် အရက်ပြန် ထုတ်လုပ်မှုများအတွက်လည်း ထိခိုက်နိုင်စေသည့်အတွက်ဖြစ်ကြောင်း ပြောကြားကြောင်း သိရ သည်။

ဤဆန်မူဝါဒအသစ်ကြောင့်ဖြစ်ပေါ်လာမည့် ကမ္ဘာ့ဆန်စျေးနှုန်းများအခြေအနေကို ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်းနှင့် ဗီယက်နမ်နိုင်ငံ အစားအသောက်အသင်းမှလည်း စောင့်ကြည့်နေကြပြီး၊ ကမ္ဘာ့ဆန်စျေးနှုန်းမှာ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်းကိုလည်း ၎င်းတို့မှ ခန့်မှန်းပြောကြားကြောင်း သိရသည်။

 

ရင်းမြစ်-Vinanet.vn

International Trade News

Pages