အာရှတွင် စားအုန်းဆီပျိုးပင်ပေါက်များ ပြတ်လပ်မှုရှိနေ

Thu, 09/29/2022 - 03:13 -- admin_ygn

အရှေ့တောင်အာရှမှ အင်ဒိုနီး ရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ အပါ အဝင်  အာရှနိုင်ငံ  အများအပြားက စားအုန်းဆီ အထွက်တိုးရေးအတွက် လုံးပန်းနေကြသော်လည်း   ပျိုးပင် ပေါက်များနှင့်  မျိုးစေ့များ လိုအပ်နေ သည့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။မျိုးစေ့ပြတ်လပ်မှုသည် စိုက်ပျိုး ရေးကဏ္ဍကို အရှိန်လျော့ကျစေနိုင်ပြီး ကုန်ထုတ်လုပ်မှုကိုလည်း    အကန့် အသတ်ဖြစ်စေသည်။ အာရှဒေသမှ နိုင်ငံများသည် ချက်ပြုတ်ခြင်း၊ မုန့်ဖုတ် ခြင်းနှင့် အလှကုန်ပစ္စည်းများတွင် အသုံးပြုသည့်   စားအုန်းဆီ၏  ၉၀ ရာခိုင်နှုန်းကျော်ကို  ထုတ်လုပ်နေပြီး ဈေးသက်သာမှုလည်း ရှိနေသည်။
နိုင်ငံအများစုက  ကိုဗစ်ဒဏ်ကို  ကျော်ဖြတ်နိုင်ခဲ့သော်လည်း    ယခု ၂၀၂၂ ခုနှစ်အတွင်း စားအုန်းဆီထုတ် လုပ်မှုသည် တိုးမြင့်လာမှုမရှိဘဲ ထုတ် လုပ်မှုကျဆင်းနေကြောင်း သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အလုပ်သမားရှားပါး မှုကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေ ကြောင်း သိရသည်။
ကိုဗစ်ကပ်ရောဂါ  ကာလအတွင်း ဝယ်လိုအားနည်းပါးမှုကြောင့် ဆီအုန်း ပျိုးပင်ထုတ်လုပ်မှုကို   လျှော့ချမှုရှိခဲ့ ကြောင်းနှင့် ပျိုးပင်များအတွက် မျိုးစေ့ အပင်ဖောက်ခြင်း  ကျဆင်းခဲ့ရသည်။ ထိုကဲ့သို့ အခြေအနေများတွင် ဝယ်လို အားက  ပြန်လည်မြင့်တက်လာခြင်း ကြောင့် ဈေးကွက်တွင် စားအုန်းဆီ ပျိုးပင်ပေါက်များ ပြတ်လပ်မှုရှိလာခဲ့ ခြင်းဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှား နိုင်ငံတို့သည်  ကမ္ဘာပေါ်တွင် စားအုန်း ဆီထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကျော် ကို  ပိုင်ဆိုင်ထားကြသည်။ လက်ရှိ အချိန်တွင်လည်း ဆီအုန်းစိုက်ပျိုးသူ များသည် ထွက်ရှိမှု နည်းပါးလာသည့် ဆီအုန်းအပင်ဟောင်းများ နေရာတွင် အပင်သစ်များကို အလျင်အမြန် အစား ထိုးစိုက်ပျိုးရန် အဓိက အလေးပေးနေ ကြပြီဖြစ်သည်။ဆီအုန်းမျိုးစေ့များကို ပျိုးထောင် ရာတွင် အပင်ပေါက်ရန်အတွက် တစ် နှစ်ကျော် ကြာမြင့်ခြင်းကြောင့် ဆီအုန်း ပျိုးပင် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ဝယ်လိုအားကို အချိန်မီဖြည့်တင်း နိုင်မည်မဟုတ်ကြောင်း  သိရသည်။ မလေးရှားနိုင်ငံသည်  တစ်နှစ်လျှင် မျိုးစေ့အပင်ပေါက် သန်း ၈၀ အထိ ထုတ်လုပ်နေပြီး  အင်ဒိုနီးရှားနိုင်ငံက သန်း ၂၀ဝ ခန့်အထိ ထုတ်လုပ်နိုင် ကြောင်း သိရသည်။အင်ဒိုနီးရှားနိုင်ငံသည် ၎င်းတို့ ၏   ပျိုးပင်ပေါက် ၉၅ ရာခိုင်နှုန်းကို ပြည်တွင်း၌  အသုံးပြုပြီး ကျန်သည့် ငါးရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့နေ သည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ် တွင် ဆီအုန်းပျိုးပင်ပေါက်  သန်း ၂၀ ခန့်အထိလိုအပ်နေသော်လည်း လက်ရှိ အချိန်တွင်  ယင်းလိုအပ်ချက်ထဲမှ ၇၅ ရာခိုင်နှုန်းသာ ရရှိထားကြောင်း သိရ သည်။                                    
 Source;Reuters

International Trade News

Pages