ရုရှားကျောက်မီးသွေး တရုတ်သို့ ပိုမိုတင်သွင်း

Tue, 08/30/2022 - 13:04 -- admin_ygn

လတ်တလောကာလတွင် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မီးသွေးတင်ပို့မှု အမြင့်ဆုံးအနေအထားသို့ ရောက် ရှိနေကြောင်း သိရသည်။
ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မီးသွေးတင်ပို့ မှုမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ထက် ၁၄ ရာခိုင်နှုန်း မြင့်တက် လာကြောင်းနှင့် ယင်းမှာ ငါးနှစ်အတွင်း  အမြင့်ဆုံးအနေ အထားသို့  ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လက ရုရှား နိုင်ငံမှ ကျောက်မီးသွေးတန်ချိန် ၇ ဒသမ ၄၂ သန်း တင်သွင်း ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဌာန၏ စာရင်းဇယား များအရ  သိရသည်ဟု ဆင်ဟွာသတင်းတွင် ဆက်လက် ဖော်ပြထားသည်။
ရုရှားနိုင်ငံသည် ကျောက်မီးသွေးအပါအဝင် ၎င်းတို့ ထုတ်ကုန်များကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ ဈေး လျှော့ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                                                          
Source; Xinhua

 

International Trade News

Pages