ဗီယက်နမ် လယ်ယာထုတ်ကုန်များ တရုတ်သို့ တိုးမြှင့်တင်သွင်းမည်

Thu, 09/29/2022 - 03:20 -- admin_ygn

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တင် သွင်းမှုကို တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထို့ပြင် ဗီယက်နမ်သည် နယ်စပ်ဆိပ်ကမ်းများတွင်လည်း အကောက် ခွန်ရှင်းလင်းရေးကိစ္စရပ်များကို အဆင်ပြေချောမွေ့စေရေးအတွက် ဆောင် ရွက်မည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံဝန်ထမ်းများ အပြန်အလှန်လည်ပတ် ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ၎င်းတို့နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းခရီးစဉ်များကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိကာလတွင် ဗီယက်နမ်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုး ၂၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် သွင်းကုန်များ၏ ၃၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်နေခြင်း ဖြစ်သည်။                                                                            Source;Xinhua
 

International Trade News

Pages