တစ်ကမ္ဘာလုံးမှ ရင်းနှီးမြှုပ်နှံသူများသည် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိ

Mon, 01/30/2023 - 06:42 -- Dotbilateral

COVID-19 အစီအမံများကို ဖြေလျှော့ပေးခြင်းသည် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ရန် တစ်ကမ္ဘာလုံးမှ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို တိုးလာစေပါသည်။ ကမ္ဘာအနှံ့မှ ရင်းနှီးမြှုပ်နှံသူများ သည် စီးပွားရေးလုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံသို့ ပြန်လာရန် စိတ်အားထက်သန်နေကြောင်း Financial Times က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင်ရှိသည့် နိုင်ငံခြားတိုင်းပြည်အချို့မှ ကုန်သည်ကြီးများအသင်းများ၏အဆိုအရ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်လည်ပတ်ခြင်းနှင့် စီးပွားရေးဆိုင်ရာခရီးသွားလာမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာနိုင်မည်ဟု မျှော်လင့်ရသည်။ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် စီးပွားရေး စီမံကိန်းများ ပြန်လည်စတင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များ ရှာဖွေရာတွင် အထောက် အကူဖြစ်စေနိုင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ တရုတ်နိုင်ငံသို့ လာရောက်ရန် စတင်စီစဉ် နေပြီဟု သိရှိရပါသည်။

စီးပွားရေးသမားများသည် လျင်မြန်စွာ ကြီးထွားနေသော တရုတ်နိုင်ငံစျေးကွက်သို့ နောက် တစ်ကြိမ် လာရောက်ရင်းနှီးမြှုပ်နှံလိုကြကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။ တရုတ် နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် နှစ်စဉ် ၆.၂ ရာခိုင်နှုန်း တိုးမြင့်လာကာ ၂၀၂၀ ပြည့်နှစ်တွင် ယွမ် ၉၉၉.၉၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၇.၆၅ ဘီလီယံ) ရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် တိုးတက်မှုနှုန်းသည် ၁၄.၉ ရာခိုင်နှုန်းနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် စံချိန်တင် အမြင့်ဆုံး ၁.၁၅ ထရီလီယံယွမ်အထိ ရောက်ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ပထမ (၁၁) လတွင် တရုတ်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၁ တစ်နှစ်လုံး၏ပမာဏကို ကျော်လွန်ကာ ယခင်နှစ်ထက် ၉.၉ ရာခိုင်နှုန်း တိုးလာသဖြင့် တရုတ်ဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အမြဲဆွဲဆောင်လျက် ရှိကြောင်း ပြသနေပါသည်။

တရုတ်နိုင်ငံ၏ အစားထိုး၍မရသော စက်မှုလုပ်ငန်းကွင်းဆက်ရှိခြင်း အားသာချက်များ ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း ဆွဲဆောင်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၁ ခုနှစ်အတွက် Apple ၏ supplier စာရင်းအရ supplier ၁၉၀ ခန့်အနက် ၁၅၀ သည် တရုတ်ပြည်မကြီးတွင် စက်ရုံများရှိနေပါသည်။

ကုလသမဂ္ဂစက်မှုလုပ်ငန်းအမျိုးအစားခွဲခြားမှုအရ တရုတ်နိုင်ငံ၌ စက်မှုလုပ်ငန်းအမျိုးအစား အားလုံးရှိနေသည်။ ဆန်းသစ်တီထွင်မှုသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်သည့် အဓိက မောင်းနှင်အားဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးအတွက်လမ်းဖွင့်ပေးခြင်းကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်နေခြင်းသည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိ ပါသည်။

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ဦးစားပေးသည့်စက်မှုလုပ်ငန်းစာရင်း(2022 Version) ကို ဇန်နဝါရီလ ၁ ရက်တွင် တရားဝင်အကောင်အထည်ဖော်ခဲ့ပါသည်။ စာရင်း၏ ဗားရှင်း အသစ်တွင် စုစုပေါင်း စက်မှုလုပ်ငန်း ၁၄၇၄ ခုပါရှိပြီး ၂၀၂၀ ပြည့်နှစ် ထုတ်ဝေမှုများနှင့် နှိုင်းယှဉ်ပါက လုပ်ငန်းအမျိုးအစားသစ် ၂၃၉ ခု အသားတင်ပါရှိကြောင်း မကြာသေးမီနှစ်များအတွင်း လုပ်ငန်းသစ် ထပ်တိုးမှု အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။ ယင်းအချက်က တရုတ်နိုင်ငံတွင် နိုင်ငံခြား အရင်းအနှီးများ ပိုမိုရရှိစေရန် များစွာအထောက်အကူဖြစ်စေပါသည်။

မကြာသေးမီက Goldman Sachs Group နှင့် Morgan Stanley အပါအဝင် ဘဏ္ဍာရေး ဝန်ဆောင်မှုကုမ္ပဏီများသည် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် ၎င်းတို့၏ ခန့်မှန်းချက်များကို တိုးမြှင့်ခဲ့ကြပါသည်။ တရုတ်နိုင်ငံ၏ ကူးစက်ရောဂါကာကွယ်မှုနှင့် ထိန်းချုပ်မှု အဆင့်သစ်သို့ ရောက်ရှိလာသည်နှင့်အမျှ စီးပွားရေးလည်ပတ်မှု အလုံးစုံ ပြန်လည်ကောင်းမွန်လာ မည်ဟု မျှော်လင့်ထားကြောင်း နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများက ခန့်မှန်းကြပါသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ခံနိုင်ရည်အားကောင်းပြီး ကြီးမားသော အလားအလာရှိနေကြောင်း နှင့် ကမ္ဘာ့စီးပွားရေးအတွက် အရှိန်မြှင့်ပေးသူအဖြစ် ၎င်း၏အခန်းကဏ္ဍသည် အစားထိုး၍ မရနိုင် ကြောင်း အချို့သော လေ့လာသုံးသပ်သူများက ထောက်ပြခဲ့ကြပါသည်။

Source: https://news.cgtn.com/news/2023-01-09/Global-investors-optimistic-about-China-business-1gsAKqalMcw/index.html

 

 

International Trade News

Pages